ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Tuesday, July 21, 2009

သင်္ခန်းစာများ

ဆရာကြီးက သင်ကြားပို့ချတယ်
သူ့ သင်္ခန်းစာတွေထဲမှာ ပုံသေကိန်းများ အဖြစ်
အပေါင်း အမြောက် ကိန်း
အနုတ် အစား ကိန်း
a လို x လို မသိကိန်းတွေ ရှိနေတဲ့ အကြောင်း . . . . .

ဆရာ စစ်စစ် ဆရာမားများ
မိဘနှစ်ပါး
မိတ်ဆွေစစ် တွေဟာ
အပေါင်းကိန်း အမြောက်ကိန်းတွေပဲတဲ့။

အတု အယောင် ဆရာများ
မိဘတွေအတွက် သားသမီးများ
မိတ်ဆွေ အယောင်ဆောင်သူများ ကတော့
အနုတ် အစား ကိန်းများပဲ ဖြစ်သတဲ့။

လူတိုင်း လိုလို
တစ်ကြိမ် မဟုတ် အမြဲတမ်း
သဘာဝလောကဆရာကြီးရဲ့ စာသင်ခန်းမှာ
သင်ကြားနေကြရပေမယ့် နားမလည်နိုင်ကြတာကတော့
a လို x လို မသိကိန်းတွေ က
ဖုံးကွယ် နေကြလိုပါပဲ . . . ။

(တွေးမိတဲ့ အတွေးလေးပဲ ကောက်ရေးလိုက်ပါတယ်။လူဟာ မသေသေးခင် အချိန်တွေ အတွင်းမှာ ဒီကိန်းမျိုးစုံနဲ့ မလွှဲ မသွေ ဖြတ်သန်းကြရမှာပါ။ဆိုလို ချင်တာက အခုစာလေး ဖတ်လိုက်ရရင် တွေးလိုက်ပါ . . .ငါ ဘယ်ကိန်းနဲ့ တွေ့နေသလဲ ၊ဒါမှ မဟုတ် ငါကိုယ်တိုင် ဘယ် ကိန်းဆီ ရောက်နေသလဲ။ဒါပါပဲဗျာ။)

No comments:

Post a Comment

Related Posts with Thumbnails