ခေါင်းရှုပ်စရာ ရင်ခွင်ရိုးပျက်တောထဲ မမှိတ်မသုန်
သည်၊ အက်ကြောင်းရာ၊ ခွဲရေး၊ တွဲရေး မရှိခြင်းကင်းမဲ့၊
ကာလ၊ တစ်စုံတစ်ရာကို လက်ပြန်ကြိုးတုပ်လို့၊ ပြီး၊
တစ်စုံတစ်ရာ ရောက်ရှိချိန်၊ နေထိုင်စရာ ကတ္တရာလမ်း
ပေါ် ညှော်နံ့တွေ၊ ကြွေစရာမရှိ ငါ့ခန္ဓာကိုယ်အတွင်း
အရိုးတွေဟာ ဟိုတစ်စ၊ ဒီတစ်စ၊ နင်ယူ / မယူ
လွတ်လပ်ခွင့်ရှိ၊ ရှိခဲ့၊ သေချာ။
ပန်းသီးတစ်လုံး ကြက်ခြေခတ်လှီးဖြတ် ကိုက်ခံရတဲ့
ဝေဒနာ ရုပ်၌နာမ်မမှီ၊ လေပွေကို ကသိကအောင့်
ဖဲ့ကာ၊ ဖဲ့ကာ ခွဲဝေစားသုံးဖို့ သူမဆိုတာ ကြိုးတပ်တူရိယာ
ထက် ရီဝေေ၀အမှတ်အသား၊ ရှည်လျားလှတဲ့ စူးစူးစိုက်စိုက်
အကြည့်၊ နင်မရှိ၊ ငါမရှိ၊ အနေအထား၊ ငါ၊ စပျစ်သီး
ချိုသည်၊ ချဉ်သည်သိမှုထက် လှည့်ကြည့်စရာကောင်းကွက်
စိုးစဉ်းမျှ ရင်မခုန်၊ အသံမထွက် ရှင်သန်မှုထဲ လိမ့်ဆင်းလာ၊
နင်ဆိုတာ သောကနဲ့ ဟိုဘက်၊ ဒီဘက်၊ အလယ်တစ်ဝိုက်
လှိုက်ဖို၊ လှိုက်ဖို၊ အံ့သြဖွယ်နေ့စွဲတွေ သိုင်းဖက်ကာ
ဝိုင်းဖွဲ့စားနေကြ၊ စကားထဲ ဇာတိ၊ ဇရာ၊ မရဏ
လစ်ဟာနေတဲ့ ပခုံးထက် ကျိုးကြေနေတဲ့ ပြက္ခဒိန်ဟောင်း
တစ်ရွက်တစ်လေ စုတ်ဖြဲစရာ အာရုံဆိုတာ သမိုင်းတစ်ခု
မှာ၊ ဒဏ်ခတ်ခံရတဲ့ နေ့၊ ည၊ မောဟ၊ လေ၊ ပေ၊ တေ၊ ပွေ
အခု၊ နေမ၀င်ကျဆုံးခန်းမှာ ငါ့ဒိန်ခဲ ဘယ်သူရွှေ့ဦးမလဲ။ ။
ဏီအဲY
FaceBook Account အခမဲ့ဖွင့်ပေးမည်။
10 years ago
No comments:
Post a Comment