ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Tuesday, July 21, 2009

ပျဉ်းမငုတ်တို မဟုတ်တော့ဘူး

ပျဉ်းမငုတ်တို မဟုတ်တော့ဘူး . . .
အတိတ်က နုညွှန့် ဖူးဝေ တာတွေဆီ
မျှော် မှန်း ပြန်တမ်းမိလည်း ဝမ်းမသာနိုင်
လက်တွေ့ ပစ္စုပ္ပန် ရှင်သန်မှုမှာက
ပြတ်ရှ သွေ့အက် ဟက်တပ် ဒဏ်ရာတွေနဲ့
တစ်ရက်ပြီး တစ်ရက် နက်နက် ဝင် လာခဲ့ရပြီ . . .။

စိုစိမ့် အသက် ရေဓာတ်ကလဲ ခမ်းခြောက်
အဆီ အနှစ် မြေသြဇာ ဆိုတာလဲ ဆုံးရှုံး
စိမ်းလန်း သက်ဝင်ဖို့ အလက်အခက် ဝေစာဖို့
မတတ်သာတော့တာ ဘာဆန်းလို့လဲ။

မိခင်မြေထုကြီး ကမ္ဘာ မြေကြီး . . .ခင်ဗျား
လုံးတယ်လို့ ကျုပ်သတ်မှတ်တယ်ဆိုတာ
ကျုပ်ခြေ ချော် ကျဖို့ အတွက် ခံယူလိုက်တာပါ . . .
ရပါတယ် . .ခင်ဗျား . .ပြားကြည့်တော့လဲ
ကျုပ်ခမျာ ပဲ့ မထွက်နိုင်တောင်
ပိ ဝင် နစ်မြုပ် သွားမှာပါ . . . . .


ကျုပ်ကို မြင်ကွင်းပေါ် မတင်ကြပါနဲ့
ညစ်ညစ်ထေး မွဲမွဲခြောက်
ပိုး ပေါက်ရာ ဗလပွ
ပိုး စာမှုန့် ဖွာတရာ ကျဲ
ခေတ် အဆက်ဆက် အနှစ်နှစ် အလလ က
စုပ်ရာ ထုတ်ရာ ခုတ်ရာ ရှရာ
တွန်းရာ တိုက်ရာ ပွန်းရာ ပဲ့ရာ
လှုပ်ရာ နှဲ့ရာ . . . . . .
ဒဏ်ရာ အထပ်ထပ် နဲ့ မြင်မကောင်းတော့လို့ပါ။

ကျုပ် နိဂုမ်းလမ်းက သာနေပါတယ်
အလင်းတွေ ဆိတ်သုဉ်း
အပိန်း ပိတ်ဆုံး အမှောင်
နက်ရှိုင်း တဲ့ ကမ်းပါး ပြတ်
အဆုံး မထင်နိုင်တဲ့ နစ်ဝင်ခြင်း
လက်ငင်း မျိုးပြုန်း လု လု . . . . ။

တကယ်ပါ
ဒါ ပျဉ်းမ ငုတ်တို မဟုတ်လို့ပါ။

No comments:

Post a Comment

Related Posts with Thumbnails