ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Friday, August 28, 2009

အတည့်ကြည့်ခြင်း




ကမ္ဘာက ၃၂ ဒီဂရီ စောင်းနေတာ တကယ် ဖြစ်ပါတယ်
လူတိုင်း ကိုယ့်ကမ္ဘာနဲ့ ကိုယ် ကိုယ်စီထမ်းရွက်
ကိုယ့် ကမ္ဘာနဲ့ ကိုယ် အတည့်မြင်နေတာ မှန်နေတာပဲ
အမှတ်တမဲ့ စောင်းနေတာလေးတွေ သတိ မထားမိကြဘူး
တစ်ခါတစ်လေ ပါးစပ်နဲ့ မဟုတ်ဘဲ လက်ချောင်းလေးတွေကပဲ စကားပြောခွင့်ရချင်ရတယ်
နားနဲ့ နားထောင်ခွင့် မရှိဘဲ မျက်လုံးကနေ အသံတွေ
တစိမ့်စိမ့်စီးဝင်လာနေတာလဲ ရှိမယ်
နှာခေါင်းနဲ့ အသက်ရှုကြတယ် ပြောနေကြပေမယ့်
ပါးစပ်ကို ဖွင့်ဟပြီး ပင်ပန်းတကြီး အသက်ရှုရတာလဲ ရှိတယ်
ကျောတစ်ပြန် နဲ့ လမ်းလျောက် ရင်ဘက် တစ်ပြန်နဲ့ ပြန်လျောက်
မရပ်မနား ခရီး နှင်နေခဲ့ပြီး
ခြေထောက်တွေ က အပို ဖြစ်ချင် ဖြစ်နေပြန်တယ်

တစ်ချို့ကတော့ တစ်နေကုန် ထိုင်ရင်းနဲ့ လျောက်လည်တာလဲ ရှိမယ်
မျက်လုံးနဲ့ ကြည့်တာ မဟုတ်ဘဲ စိတ်နဲ့ ရှင်းရှင်းလင်းလင်း မြင်ရတဲ့ အခါရှိတယ်
နောက်ဆုံး ကိုယ် အသက်ရှင်နေသေးတာဟာ ကိုယ့် အတွက် မဟုတ်ဘဲ တစ်ခုခု အတွက် ဒါမှမဟုတ်
တစ်ယောက်ယောက် အတွက် ဖြစ်နေတတ်တာလဲ ရှိရင် ရှိနေနိုင်တာပဲ
ဒါတွေကို အမြင်စောင်းနေတာပါ ပြောလို့ မရလောက်ဘူးထင်ပါတယ် ဘာပဲ ဖြစ်ဖြစ်
ကိုယ်ကမ္ဘာနဲ့ကိုယ် စောင်းခွင့်ရှိနေတာတွေ ပြောပါတယ်။

No comments:

Post a Comment

Related Posts with Thumbnails