မငိုနဲ့တော့နော်..
သက်ပြင်းတွေမချပါနဲ့ မညည်းညူပါနဲ့ကွယ်
ဝမ်းနည်းပူဆွေးနေလို့ ကုန်သွားတဲ့အချိန်တွေကို ပြန်ရမှာတဲ့လား..
ခရမ်းရောင်ပန်းတွေကြွေသွားပြီဆိုမှတော့ကွယ်
ချိုမြတဲ့ မိုးရေစက်တွေက
နောက်တစ်ဖန် ရှင်သန်နုပျိုလာအောင်
ဘယ်လိုများစွမ်းဆောင်နိုင်ဦးမှာတဲ့လဲ
မင်းဆံနွယ်တွေကို ကိုက်ညှပ်ဖြီးသင်လို့
ပျော်ပျော်ရွှင်ရွှင်သာနေပါ အချစ်ရယ်
ကံကြမ္မာဆိုတာက
မျက်စိနဲ့မမြင်ရတာကိုမှ ဖုံးကွယ်ထားတတ်တာမျိုးလေ
ပျော်ရွှင်ကြည်နူးစရာဆိုတာ
ထွက်ပြေးပျံသန်းသွားတတ်တဲ့ အိပ်မက်တွေလား...
ဝမ်းနည်းကြေကွဲမှုဆိုတာကရော
ထာဝရတည်နေနိုင်ပါသလားကွယ်
ပူဆွေးခံစားရမှုဆိုတာ ရင်တွင်းနာဝေဒနာအဖြစ်တွေမို့
အချစ်ရယ်..အချစ်လေးရယ်..
ငိုမနေပါနဲ့တော့ကွယ်။
ညိမ်းညို
- ကျွန်တော် အင်္ဂလိပ်စာအားနည်းပါတယ်။ ဒီကဗျာကိုဖတ်ရတော့ မြန်မာလိုလေးပြန်ရေးကြည့်ရရင် ကောင်းမှာပဲဆိုပြီး ဘာသာပြန်လိုက်မိတာပါ။ အမှားအယွင်း အကျအပေါက်များရှိရင် ထောက်ပြပြင်ဆင် ပေးနိုင်ပါတယ်ခင်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေ...။
Weep No More
Weep no moe, nor sigh, nor groan,
Sorrow calls to time that's gone:
Violets pluck'd the sweetest rain
Makes not fresh nor grow again.
Trim thy locks, look cheerfully;
Fate's hid ends eyes cannot see,
Joys as winged dreams fly fast,
Why should sadness longer last ?
Grief is but a wound to woe,
Gentlest fair, mourn, mourn no more.
John Fletcher
1579 - 1625
FaceBook Account အခမဲ့ဖွင့်ပေးမည်။
10 years ago
No comments:
Post a Comment