ဓာတ်ပြုပုံမှာ
နေရောင်ခြည်ကို မစို့မပို့လေး မျှင်းသောက်ရုံနဲ့
တစ်ကိုယ်လုံး ရွှေချနိုင်သူ။
ခမျာ
အမြဲစိမ်းတောကြီးဘေးမှာထားပြီး နွမ်းပါးရှာရဲ့
မေ့လောက်ပြီဆိုတော့မှ
အပင်ငယ်လေးတွေ ကျိုးတိုးကျဲတဲ အဖော်ပြုလာ
တစ်လျှောက်လုံးအထီးကျန်ခဲ့သူမို့
ယောင်ယောင်လေး အဖက်လုပ်ခံရတာကိုပဲ
သူ့မှာ ပျော်မဆုံးဖြစ်မိတာ။
ညိမ်းညို
အခု ကော်ပီ ကူးတဲ့ ကဗျာ ဆရာရဲ့ နေရာကို အခေါက်ပေါင်းများစွာ ရောက်ဖြစ် ဖတ်ဖြစ်ပါတယ်။ကြိုက်လွန်းလို့ ကူးတင်လိုက်တာလို့ ပြောပါရစေ။
မြန်မာပြည်မှာ ကတည်းက မဂ္ဂဇင်းထဲ ပါတိုင်း မကြိုက်ပါဘူး ။ပြောရရင် ကဗျာ ဆိုတာ အကြိုက်တွေ့ စရာ ရှိမှ ကြိုက်တာ ပါ (ဝါ-တစ်နည်းကား ) ဆိုရင်တော့ .....ခံစားမှုလေးတွေ တိုက်ဆိုင်မှ ကြိုက်တတ်ပါတယ် ။ကိုညိမ်းညိုရဲ့ ကဗျာတွေက စမ္ပနံ့ သင်းတာ တောနံ့ သင်းတာလေးတွေကို ကြိုက်မိတာပါ။ဒါကြောင့်ကူးတယ်ပေါ့ဗျာ။
FaceBook Account အခမဲ့ဖွင့်ပေးမည်။
11 years ago


No comments:
Post a Comment