ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Thursday, August 20, 2009

ဝဿန္တ

ဒီနေရာက ယူပါတယ်။ ကဗျာကောင်းတွေ ပေါတယ် အဲဒီနေရာမှာ



အတွေးအခေါ်က မျက်လုံးတွေမှာလား

အမိုးမလုံ အကာမလုံ

လမ်းကလေးက မျက်ရည်နဲ့ စွတ်စိုနေ။

ရာသီက

စံပါယ်သံတွေ ခြောင်းခြောင်းထလို့။

နွယ်ရိပ်သစ်ရိပ်မှာ စိမ်းလန်းရမလား

နေသာချိန်အပြာဆီ

စိတ်ကူးစွန်ကလေး ခြေဦးတည့်ရာ

လွင့်နေ။

ရာသီက

စံပါယ်သံတွေ ခြောင်းခြောင်းထလို့။

သူ့ကိုလွမ်းတော့

Tဘယ်ဆီပျံသန်းရမယ်

မိုးတိမ်

ရင်ခုန်သံတစ်ဖျောက်ဖျောက်မိုးပွင့်ကြွေ ၊

ဒီဘဝ ဒီမျှပဲ

ဖြတ်သွားဖြတ်လာ နှလုံးသားလေး နာဖျားခဲ့ပုံ။ ။

ဘုန်းနေသွန်း

No comments:

Post a Comment

Related Posts with Thumbnails