ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Saturday, August 8, 2009

လူ




လူဆိုတာ ယုံကြည်မှု ရဲ့ သားကောင် ဖြစ်နေသလား
မင်းတွေးမိလား ညီမလေး
စိတ်ဓာတ် ခိုင်မာတယ် ဆိုတဲ့ မင်းရဲ့
ယုံကြည်မှုက
ပိုက်ကွန်ကြီး တစ်ခုလို ဝဲကျလားပြီး
လူကို သိမ်းပိုက် ပစ်လိုက်မယ်
ယုံကြည်မှုက ဘောင်ကြီး ဆိုရင်
သူဟာ ဘောင်ခတ်ခံရတဲ့ လူဖြစ်နေလား။

ဘောင်ခတ်ခံရမှုတွေက
လွတ်မြောက်ဖို့ ကြိုးစားရင်း
စဉ်းစားရင်း
ဘဝတွေ ဖျက်ကနဲဖျက်ကနဲ
ရင်းနှီးလာရတဲ့ သတ္တဝါက လူ။

တစ်ဘဝပြီး တစ်ဘဝ
အကျဉ်းကျကျ လာခဲ့ရတာ
မြင့်မြတ်တယ် ဆိုတဲ့ အရေခွံကို
ခန့်ခန့်ကြီး လွှမ်းခြုံထားရဖို့
စတေးခဲ့ရတဲ့ လူဆန်မှုတွေ အတွက်
ကျေကျေနပ်နပ် ကောင်းချီးပေးတတ်ကြတာ လူ
ဘယ်သူက အမြင်ဖြန့် ခဲ့လဲ။

ဥာဏ်ရည်သိပ်မြင့်တယ်
စီမံကိန်းတွေ ချပြမယ် ဆိုတဲ့ လူဟာ
နဲနဲ ကောက်ကျစ်တတ်တဲ့ နည်းလမ်းကို
ရှေးအစဉ် အလာ မပြတ်
ကျင့်သုံးခွင့်ရထားတဲ့ လူ။

ခံစားတတ်တယ်
နားလည်တတ်တယ်

ဆိုတဲ့လူဟာ
အများ အမြင်မှာ သုံးမရတဲ့လူ
အရူးအလုပ်ခံရတဲ့လူ
ဘယ်နေရာမှ သုံးမရတဲ့လူ
မှတ်ချက်တွေ အောက်မှာ
ဝဋ်ကျွေးတစ်ခုအောက်မှာ
ကျေကျေနပ်နပက် ပေးဆပ်နေတဲ့ လူ။

ခိုင်မာတယ် တော်တယ်
ယုံကြည်မှုရှိတယ်
ဘယ်လိုပဲ ပြောနေပြောနေ
ကိုယ်အပေါ် ကျလာတဲ့ ပိုက်ကွန်ကို
မြင်ရက်နဲ့ လက်ခံလိုက်တာလဲ လူ
မမြင်နိုင်လို့ လက်ခံ မိတာလဲ လူ
လူ ဆိုတာ လူပဲ ဖြစ်နေတယ်။ ။

No comments:

Post a Comment

Related Posts with Thumbnails