ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Thursday, August 20, 2009

ညီမလေးပို့တဲ့ကဗျာ


တကယ်ဆို အပိုတွေမပါပဲ
နူးညံ့ခြင်းတွေပဲ ပေးတတ်တာကိုက အကျင့်တစ်ခုပါ

ကောင်းမွန်မြင့်မြတ်ခြင်းတွေအတွက်
ဆုတောင်းပေးတတ်တာလည်း
စေတနာပါ

လိမ်မာပါစေတော့ဆန္ဒတစ်ခုနဲ့
ဆုံးမတာတွေက
ကောင်းစေချင်ခဲ့တာ

အချိန်မှန်ပြန်စေချင်တာ
အမှားကင်းစေချင်တာပါ

အသောက်စားကင်းစေချင်တာ
လူရည်မွန်တစ်ယောက်ဖြစ်စေချင်တာ

လိမ်မာပေးပါ
မင်း…..ဘ၀တစ်ခုအတွက်

နူးညံ့ပေးပါ
မင်း…..ပါတ်ဝန်းကျင်အတွက်

မြင်နေကျခလေးတစ်ယောက်အတွက်
ထိမ်းသူမဲ့လို့
ထိမ်းသိမ်းပေးတာ
အပြစ်လို့……အမည်တွင်ပါသလား

ကံတရားအရ ကောင်းမွန်ချိန်မှာကောင်းမွန်ခဲ့တယ်ဆိုလည်း
ထိမ်းသူမဲ့  ခလေး တစ်ယောက်တွက်
အပြစ်တင်သံတွေကြားမှ
ကျေနပ်ပါတယ် ………ခလေးလေးရယ်

No comments:

Post a Comment

Related Posts with Thumbnails