သက်ပြင်းနဲ့ ဗီလိန်နေ့စွဲတွေအကြား
သူရဲကောင်း တံဆိပ်ကို ရွေးခြယ်ပြီး
စားလုံးထွင်းယူလိုက်တဲ့ သူ
လူရာမ၀င်သလောက် လမ်းရာဝင်မိတော့
အရာအားလုံး အနိစ္စအသွင်ဆောင်တယ်။
သူဟာ စိတ္တဇလောင်ကွင်းမှာ
အသံချိုချို အော်မြည်တတ်တဲ့ ငှက်
ကျောက်မီးသွေး မလုံမလောက်နဲ့
ခုတ်မောင်းနေတဲ့ ရထား
ကမ္ဘာမှာ ဈေးကွက်မရှိတဲ့
လူသုံးကုန် လူပစ္စည်းဖြစ်သလို
ဘေးက ကြည့်ရင် ရယ်ဖို့ ကောင်းတဲ့ ဟာသတစ်ပုဒ်နဲ့
ခင်များတို့ မွန်းကြပ်မှုအတွက်
ခလုပ်မနှိပ်ဘဲ ပွင့်လာတဲ့ တံခါးတစ်ချပ်လည်း ဖြစ်တယ်။
ငယ်ငယ်က မွတ်သိပ်ခဲ့တဲ့ အောင်မြင်မှုကို
အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပြီ
မိုက်မဲလွန်းတဲ့ ဘ၀ဟာလည်း
သူ့ ရင်လွယ်ထဲ အလိုလို ရောက်သွားပြန်ရော့။
ဆူးရင့်၊တန့်ဆည်၊
ကျောလေးတွေ တင်ပါ ဟု တင်ခွင့်ပေးသော အစ်ကိုဆူးရင့်ကို ကျေးဇူးတင်လျက်
No comments:
Post a Comment