ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Wednesday, June 24, 2009

မိတ်ဆက်ခြင်း

ဒီအကြောင်းလေးကို ရေးချင်တဲ့ စိတ်ကူးရှိနေတယ်။ဘလော့လေး အင်္ဂါမဆုံသေးတော့ မရေးနိုင်သေးဘူး အခုလဲ မပြည့်စုံသေးပါဘူး။ဒါပေမယ့် ကြိုတင်ရေးပြီင်္းတင် လိုက်တယ်။
ပထမဆုံးကတော့ ဒါလေးလုပ်ရခြင်းနဲ့ ပတ်သက်လို့ ပြောချင်တာပါ။အသေချာဆုံး အကြောင်းပြကတော့ ဝါသနာပဲ ဖြစ်မယ်ထင်တယ်။တောင်လုပ်မြောက်လုပ် လုပ်ရတာ ဝါသနာပါတာသက်သက်ပဲ။ဖြစ်မြောက်အောင်လုပ်ဖို့တော့ ဘယ်လိုမှ ဖြစ်မယ် မထင်ဘူး။အကျင့်ဖြစ်နေတယ်။တစ်ခုခုကို သပ်သပ်ရပ်ရပ် အဆုံးထိ တစ်ခါမှ မလုပ်ဖူးသေးဘူး။ဒါကြောင့် ဝါသနာပါလို့ ဟိုလုပ်ဒီလုပ် လုပ်ပေမယ့် အဆုံးသပ်ကတော့ ဘာဖြစ်မယ် ဘယ်လိုမှ ပြောမရ ပါဘူး။
လုပ်ချင်တဲ့ ဆန္ဒကတော့ ဣ နြေ္ဒရရလေးပါပဲ ၊ဒါပေမယ့် ကိုယ်ကိုယ်ကို သိနေတော့ ဒီလိုပဲ ဖြစ်ချင်သလိုဖြစ် လုပ်လိုက်ရတော့တာပဲ။နာမည်နဲ့ ပတ်သက်လို့ကတော့ အမေ့သားဆိုတာကတော့ အထူး ပြောမနေတော့ပါဘူး။ကျောက်တာဆိုတာကတော့ ဇာတိရပ်ရွာ နာမည်လေး အွန်လိုင်းမှာ ကျန်နေလဲ မနည်းဘူး ဆိုပြီး ကျောက်တာ နာမည်နဲ့ လုပ်လိုက်တာပေါ့။ရွာနာမည်ကိုက ကျောက်တာဖြစ်နေတော့ မတတ်နိုင်ဘူး၊ဒီအတိုင်းပဲ နာမည်ပေးလိုက်ရတော့တယ်။တော်ပါသေးရဲ့ ယရစ် နဲ့ စာလုံးပေါင်း မဟုတ်တာကို ကြံဖန်ပြီးဖြေလိုက်ပါသေးတယ်။
တင်မယ့်ပို့စ်တွေကလဲ ဒီလိုပဲ စိတ်ကူးရ ရသလို တင်ရမှာပါပဲ။အထူးသဖြင့် အရင် က နေရာတစ်ခုမှာ ကြိုတင်စုထားတဲ့ နည်းပညာပိုင်းဆိုင်ရာ စာလေးတွေကို
မပျင်းရင် စာရိုက်ပြီး ကိုယ်နားလည်သလို ကိုယ် စမ်းသပ်ထားပြီး ရတဲ့ အတိုင်း နောက်လူတွေ ပိုလွယ်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြန်းရေးတင်မယ်။ပျင်းလာရင်တော့ စုထားတုန်းကအတိုင်း ကော်ပီကူးပြီး တင်ပေးလိုက်မှာပဲ။ဒီလောက်ဆို မိတ်ဆက်အနေနဲ့ မဆိုးလောက်ပါဘူး။နောက်ကြုံရင် စိတ်ကူးရတဲံ အတိုင်းထပ်ရေးသေးတာပေါ့။


No comments:

Post a Comment

Related Posts with Thumbnails