အနောက်တိုင်း အတွေးဆရာကြီးတစ်ဦး ရဲ့ နာမည်ကျော်တဲ့ အတွေးတစ်ခုက "I think therefore I am"တဲ့။လူဆိုတာ တွေးတတ်တဲ့ သဘာဝစွမ်းရည်လေး ပါလာတယ်။လူသားလောကရဲ့ အဆင့်ဆင့်ပြောင်းလဲတိုးတက်မှုတွေကလဲ တစ်စထက် တစ်စ ပိုပြီး မြင့်မြင့်တက်လာတဲ့ပုံစံရှိတယ်။လူသားတွေအဖြစ် ဖြတ်သန်းလာရတဲ့ သမိုင်းရှည်ကြီး တစ်လျောက်မှာ အတွေး အသိတွေလဲ တိုးတက်ကြ ဆုတ်ယုတ်ကြတာတွေလဲ ရှိမှာပဲ။လူ့အတွေးမှာ အသိမှာ အနှစ်သာရ အရှိဆုံးဆိုတဲ့ အချိန် အဓိပ္ပါယ်အရှိဆုံးဆိုတဲ့ အနေအထားလေးလဲ ရှိပါလိမ့်မယ်။ here.သဘာဝဖြစ်စဉ် လောကနိယာမကြီးရဲ့ သဘောကိုက သက်ရှိ သက်မဲ့ ဘယ်အရာမဆို အစကနေ တဖြေးဖြေး အစပြုဖြစ်တည်၊နောက်ဆုံး အလှဆုံး အဓိပ္ပါယ်အရှိဆုံး အနှစ်သာရဆီမှာ ရပ်တည်၊ပြီးတော့ ယိုယွင်း ဆွေးမြေ့ပျက်စီး . . . . .ဒါက သဘာဝတရားကြီးရဲ့ အရာရာကို ချုပ်ကိုင်နိုင်တဲ့ ဥပဒေတစ်ရပ်ပေပဲ။ဥပမာ ကျောက်သားကျောက်ခဲ ရဲ့ လောတစ်ခုအနေနဲ့ အလွယ်တကူ စဉ်းစားကြည့်နိင်ပါတယ်။အနူးညံ့ဆုံး အသေးဆုံး ဒြပ်စင်အဏုမြူ မြူမှုန်ကနေ စုဝေး,ပူးပေါင်း ကြီးထွားလာမယ်။အနည်ထိုင်ကျ,မာကျောရင့်သန်,အနှစ်တည်ပြီး သူတို့ဖြစ်စဉ်ရဲ့ အမြူတေဖြစ်တဲ့ စိန်ကျောင်နီလာ ပတ္တမြား ဆိုတဲ့ ကျောက်သားမြေသားရဲ့ အထွဋ် အထိပ် အခိုက်ကို ရောက်ရှိသွားတယ်။အမတလိုလို ဘာလိုလိုနဲ့ ရတန်ာအဖြစ် အနှစ်ဆီ ရောက်ပြီး မပျက်တော့မယ့် မစီးတော့မယ့် ဒြပ်အနှစ်လိုလိုနဲ့ ပေါ့။ဒါပေမယ့် သဘာဝရဲ့ စီမံမှုအောက်မှာတော့ သူတို့လဲ တစ်ချိန်မှာ ထပ်ပြီး အဲ တစ်နည်းနည်းနဲ့ သေချာပေါက် ပြောင်းလဲ ပျက်သုဉ်းရပါဦးမယ်။
လူသားသမိုင်း လဲ ရှည်ခဲ့ပြီ။တစ်ကိုယ်ရည် တစ်ကာယလူသားအဖြစ်ရပ်တည်ခဲ့ပြီး အချိန်ပေါင်း မြောက်မြားစွာ အတွေးတွေ အသိတွေကို ဆင့်ကဲ စုစည်းလို့ လူ့အဖြစ်ရဲ့ အလှဆုံးဆိုတဲ့ အနှစ်သာရဆီ . . . .အမတဆီကို ဦးတည်ကြရတယ်။ဘုရားရှင်လို လူသားမဟာတွေကတော့ အနှစ်သာရကို ကိုယ် ကိုယ်တိုင်တွေ့အောင်ကြိုးပမ်းပြီး လူသားလောက အားလုံးကိုလည်း အနှစ်သာရဆီ အတွေးအသိရဲ့ တစ်ဘက်ကမ်းပေါက် အဓိပ္ပါယ်ဆီကို ရောက်အောင် လမ်းညွှန်နိုင်ကြတယ်။လူ့အတွေး လူ့အသိကို အလှဆုံး အနှစ်သာရ အရှိဆုံးဖြစ်အောင် တွေးခေါ်ခဲ့ သိခဲ့ကြတာပေါ့။မြင့်မားတဲ့ ဥာဏ်နဲ့ အတွေးနဲ့ သဘာဝလောကကို လက်တွေ့ကျကျ တွေးခဲ့တယ်။သိခဲ့တယ်။သဘာဝကြီးရဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာမှာ အနုစိတ်ပရမာ အဏုမြူကနေ အကြီးမားဆုံး အကြီးဆုံး စကြဝဠာတွေအထိ အတွေးအသိကို ဖြန့်ကျက်နိုင်ခဲ့ကြတယ်။လူသားသမိုင်းမှာ အတွေးအခေါ် ခရီးသည်အနေနဲ့ ဖြတ်သန်းကြသူအချင်ချင်း နှာခေါင်းပေါက်ချင်း တူပေမယ့် အသက်ရှုကွဲခဲ့ကြတယ်။အမြင်ချင်းအတွေချင်းတော့ ဘယ်တော့မှ ဘယ်အချိန်မှ တူလိမ့်မယ် မဟုတ်ဘူး . . .သွားတော့ တန်းမညှိလေနဲ့။လူအချင်းချင်း အကဲခတ်ကြည့်နိုင်ပါတယ်။တိရိစ္ဆာန်လိုလို ဘဝကို ဖြတ်သန်းနေတဲ့ လူတွေရှိတယ်။ဘာအတွေး အသိ မှ မရှိဘဲ တစ်ဘဝကုန်ကုန်သွားကြရတဲ့ လူတွေရှိတယ်။အဓိပ္ပါယ် အသစ်အဆန်း အသိပညာရဲ့ အတွေးမျိုးကို တစ်ဘဝလုံး မသိလိုက်ရဘဲ . . . .အစာရှာတယ်,စားတယ်,အိပ်တယ် . . . .။လူဘဝရောက်လာပြီး ဒီအတိုင်းလေးသာ နေသွားကြရတဲ့ လူတွေရှိပါတယ်။အတွေး ဆိုတာ ဘာကိုတွေးရမလဲ မသိ,အသိပညာဆိုတာ ဘာမှ မသိ,ဘဝရဲ့ အနှစ်သာရဆိုတာ ဘာမှမသိလိုက် မတွေးလိုက်ရဘဲ . . . . . . .ဒီအတိုင်းလေးသာ နေသွားကြတဲ့ သူတွေ . . .ဒီလိုလူတွေက ပိုများနေမလားပဲ။
ပြန်အနှစ်ချုပ် ရရင် လူသည်တွေးခေါ်စဉ်းစားတတ်သည့် သဘာဝ ဖြစ်တည်မှု တစ်ခုပင်ဖြစ်သည်။လူသားပီပီ လူ့လမ်းစဉ်ရဲ့ အတွေးလေးတွေနဲ့ ဖြတ်ကျော်ကြစေချင်သည်။တစ်နေ့လာ ရှာ စား အိပ် ဒီလိုနေသွားပြီး လူသားသက်တမ်းးကို မကုန်စေချင်။တွေးနေ ကြံဆနေ အသိလေးတွေ တစ်စ ထက်တစ်စ တိုးနေစေချင်တာပါပဲ။
သဘာဝတရားရဲ့ ဖြစ်စဉ်ကြီးကလဲ တဖြေးဖြေး မြင့်သွားမယ်/မြင့် မသွားချင်တော့ဘူးလား ရတယ် ဆုတ်ဆုတ်ပေးလိုက်ပါပဲ. . . .။ဆိုတော့ လူတွေအားလုံး တွေးဆကြ သိကြစေချင်တယ်။
(ဝင်လာတတ်တဲ့ အတွေးစ တစ်ခု)
၂၇,၆,၂၀၀၉
FaceBook Account အခမဲ့ဖွင့်ပေးမည်။
10 years ago
No comments:
Post a Comment