ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Wednesday, July 22, 2009

စာပေနဲ့ အတွေး

ဒီ အတွေးလေး ဝင်နေတာ ကြာပါပြီ။ရေးလိုက်တိုင်းလဲ စိတ်တိုင်းက မကျပြန်ဘူး။အခုတော့ ချ မရေးတော့ဘဲ တစ်ခါထဲ ပို့စ်မှာ စာတမ်းရိုက် ပစ်လိုက်တယ်။ဘယ်ရောက်ရောက် ဘယ်နေရာဆုံးဆုံး ပေါ့။အတွေး ဝင်ခဲ့တဲ့ အကြောင်းက classroomထဲမှာ ဆရာကြီး တစ်ယောက်ပြောတဲ့ စကား တစ်ခွန်းကို အခြေခံလာတယ်။ထားပါတော့ စပ်ရာ စပ်ရာ အတွေးတွေကို အရင် လျောက်ပြေးကြည့်ရအောင်ပေါ့။မနေ့ညက ဆရာ မြသန်းတင့်ရဲ့ မာယာဘုံ ဆိုတဲ့ စာအုပ်ကို ဒေါင်းလော့ ဆွဲပြီး ဖတ်ဖြစ်တော့လဲ ဒီ အတွေးက စပ်ဆက်ပြီး ဝင်လာပြန်တယ်။ ကျနော်တို့ မြန်မာလူမျိုးတွေ ရဲ့ စကားပုံတွေ လဲ အများကြီး ရှိနေတာပါပဲ။နုတ် တစ်ရာ စာတစ်လုံး တို့ ကြမ်းကျွံရင် နုတ်လို့ ရတယ် စကားကျွံရင် နုတ်မရတို့။ပြီးတော့ ကလောင်သွားသည် ဓားသွားထက် အစွမ်းထက်၏ တို့ စသဖြင့် အများကြီး ရှိနေတာပါပဲ။စာပေဟာ လူမျိုးရဲ့ အဆင့်အတန်းကို ဖော် ပြနေတယ်။ အရေးကြီးတဲ့ အပိုင်းတွေက ဒါတွေ ပါပဲ။ကျနော် အနေနဲ့ ဒါတွေ ရဲ့ အဓိပ္ပါယ်နဲ့ ဒါတွေ ဟာ အခုပို့စ် ဘယ်လို စပ်ဆက်တယ် ဆို တာတွေ ပြောမနေတော့ ပါဘူး။ကျနော် လိုရာကို တစ်ခါထဲ သွားလိုက်တော့ မယ်။
ပြောချင်တာက စာပေဟာ လူရဲ့ စိတ်ကို မှိုင်းတိုက်တတ်တယ် မှိုင်းစွဲစေတယ် ဆိုတာကိုပဲ ဗျ။ဆိုတော့ ဒါ ကျနော် အတွေးရဲ့ ကောက်ချက်ပါ။စာတွေဟာ လူ့ရဲ့ စိတ်ကို အတော် ပြောင်းလဲ စေတယ်။လွမ်းမိုးနိုင်တယ်။နေ့စဉ် လူမှုဘဝလှုပ်ရှားမှုကိုလဲ လွမ်းမိုးစေတယ်။ဘဝတစ်ခုလုံးကို လဲ လွှမ်းမိုးနိုင်တယ်လို့ ကျနော် ကောက်ချက်ချလိုက်တယ်။အဲဒီမှာ တစ်စစီ ဆွဲထုတ်စရာတွေ ပေါ်လာတယ်။ဆိုပါစို့ စာပေဟာ လူကို မှိုင်းမိစေတယ်လို့ ကျနော့ အသိလေးနဲ့ ဘာကြောင့် ပြောသလဲ ဆိုရင် ကျနော်တို့ ဖတ်သမျှ လေ့လာသမျှ စာပေဟာ လက်တွေ့ လုပ်ဆောင်မှုကို အကျိုးမပြုနိုင်ရင် ဒါအလဟဿဖြစ်သွားတာပဲ ထင်ပါတယ်။ကျနော့် ညီတွေ အကိုတွေလဲ ဒီပြဿနာမျိုးကြုံ ခဲ့ကြပြီ။ကျနော်တို့က တောသားဆိုတော့ တောသား အတွေးပဲ ရှိမယ်။ကျနော်တို့က အခြေခံ လူ့အလွှာကဆိုတော့ အဲဒီ အတွေးပဲ ရှိမယ် ဒါ ဝန်ခံပါတယ်။ပညာလေးနဲနဲ ပါးပါးသင်ပြီး စာလေးနဲနဲ ပါးပါး ဖတ်ဖြစ်တော့ ကျနော်တို့ ပတ်ဝန်းကျင်က လူ့တွေနဲ့ အမြင်ချင်း တူဖို့ မလွယ်တော့ဘူး။အမြင်မတူတာက ဘာမှ မဖြစ်ပါဘူးဗျာ-ဒါပေမယ့် တောသူတောင်သား တောင်ယာ အလုပ်တွေလဲ လုပ်ဖို့ စဉ်းစား မရတော့ဘူး။အဲဒီမှာ ပြဿနာ ရှိလာတယ် ။စာသင်တာ ဘာ သင်တာလဲပေါ့။လက်ကြောတင်းအောင် မလုပ်ချင်တဲ့ စိတ်ဓာတ်ကို သွင်းပေးလိုက်တာပဲတဲ့။လူကြီးတွေက တွေးပြီး နောက်ကလေးတွေကို ကျောင်းစာ သင်ပေးဖို့ တွန့်ကုန်ကြတယ်။ဒီမှာ ကျနော့် အတွေးက စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတာကို စဉ်းစားလာတယ်။လူတိုင်း ကိုယ့် အခြေနေနဲ့ကိုယ် အံဝင်ဂွင်ကျ ဖြစ်ဖို့ အရေးကြီးမယ် ထင်ပါတယ်။ဒါကို စာတွေက သွေဖီစေသလား။ နောက် သူငယ်ချင်းတစ်ယောက်က အမှတ်မထင်ပြောတဲ့ စကားလေးတစ်ခွန်းကို စိတ်ထဲ ထင်နေတယ်။စာတွေ သိပ်မဖတ်နဲ့ဘယ်စာကမှ အစွဲ မကင်းဘူး။ကောင်းကျိုးသိပ်ရှိမယ် မထင်ဘူး ဆိုပဲ။ကျနော်တို့ မြန်မာတွေ အနေနဲ့ ဆိုရင် ဒါ တစ်မျိုး ဖြစ်ချင် ဖြစ်နေမှာပေါ့။ဒါပေမယ့် တကယ့် အမှန်တရားကတော့ ဟုတ်တယ်ဗျ။လူဟာ ကိုယ့်ဘဝ ကိုယ်ကျရာနေရာမှာ အဆင်ပြေအောင် စိတ်ချမ်းသာမှုရအောင် နေတတ်ဖို့က အရေးအကြီးဆုံးလို့ ထင်ပါတယ်။ခင်ဗျားတို့ စဉ်းစားကြည့်ပါ။စာသမားတွေဟာ များသော အားဖြင့် အမြင်ပြောင်း လဲ သွားကြတာများတယ်။ဒါကို ပြောချင်တာပါ။အဆိပ်ဖြစ်တဲ့ စာပေ အကျိုးပြုတဲ့ စာပေလို့ ဆရာကြီးတွေ ခွဲခြား ပိုင်းခြားတာ မျိုးရှိပေမယ့် ကျနော်ကတော့ အကုန်လုံးကို သိမ်းကြုံးပြီး ပြောချင်လာပြီ။ဘာသာရေးစာပေမှာလဲ ဆရာဆိုတဲ့ ပုဂ္ဂိုလ်က ဦးဆောင်ပြီး ကိုယ်လိုချင်တဲ့ အဓိပ္ပါယ်ဆီ ရေမြောင်းသွယ်နေကြတယ်။ကိုယ့် အဓိပ္ပါယ် ခိုင်မာဖို့ ကိုယ့် ဂရု တိုးပွားဖို့ လူတစ်ယောက်ရဲ့ ဗီဇကို အခြေခံရင်း ကြိုးစားနေကြတယ်။အဲဒီမှာလဲ စဉ်းစားစရာတွေ ရှိလာတယ်။ဘယ် စာပေက အမှန်လဲ။ဘယ်သူ့စာကို ဖတ်တော့ ဟုတ်နေတာပဲ သူကလဲ မဆိုးပါဘူး မှတ်ချက်တွေနောက်မှာ အနှစ်သာရတွေ ပျောက်ကုန်တယ်။ဒါစာပေရဲ့ အကျိုးကျေးဇူးပဲလား။စာပေပေါင်းစုံရှိနေတာကိုး။ဘာသာရေးက လဲ စာပေနဲ့ ဝန်ဆောင်မှု အောက်မှာ ရှိနေတော့ အဲဒီအထဲ ပါသွားတယ်။ရွာက ကြီးတော် တစ်ယောက်ရဲ့ စိုးရိမ်တကြီး သတိပေးတာလေးကို ပြန်ပြန်ကြားပြီး သူငယ်ချင်းတွေ ကြားမှာ ဟာသ ပြောဖြစ်တယ်။ငါ့ တူ စာတွေ သိပ်မသင်နဲ့ စာတတ်လွန်ရင် ရူးတတ်တယ်တဲ့။ဆွေမျိုးရိပ်မကင်းတဲ့ ရွာက သက်တော်ရှည် အရူးကြီးလဲ အဲလို ဖြစ်သွားတာတဲ့။အမျိုးကိုက အဲလို အမျိုးတဲ့။P:


ထားပါတော့ ဆိုလို ရင်းကို ပြန်ချုပ်ကြည့်ရအောင်ပေါ့။ဆရာကြီးက ပရော်ဖက်ရှင်နယ် ပညာရှင်ဆိုတော့ ပြောရဲပါတယ် စာပေဆိုတာ လူကို မှိုင်းမိစေပါတယ်တဲ့။ဘာသာရေးစာပေလဲ ပါတာပါပဲတဲ့။သူငယ်ချင်းတစ်ယောက်က ထမေးတယ်။ကျနော်တို့ ဗုဒ္ဓဘာသာ စာပေရော ပါသလားတဲ့။အကုန်ပါပါတယ်လို့ ဆရာကြီးက မဆိုင်း မတွ ပြန်ဖြေပါတယ်။ဒါကို သူငယ်ချင်းက သိပ်ကျေနပ်ပုံ မရဘူး။အဲလိုလေး ခံစားသွားရတာကို က စာပေမှိုင်း ဘာသာရေးမှိုင်း မိသွားတယ်လို့ ကျနော်က တော့ ဘာမဆိုင် ညာမဆိုင် အတွေးရောက်ပစ်တယ်။နောက်လဲ ဒီအတွေးလေးနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ထပ်တွေးပါဦးမယ်။

No comments:

Post a Comment

Related Posts with Thumbnails