ဘဝမှာ ဆုံးရှုံးမှု အောင်နိုင် မှု ဆိုတာကို ဘယ်လို ပေတံ နဲ့ တိုင်းကြမလဲ။မသိလေ။ဒါပေမယ့် ဒီနေ့တော့ ဆုံးရှုံးတာတွေ များနေလား စဉ်းစားနေရပြီ။
ဘဝမှာ ရယူဖို့ ပိုင်ဆိုင်ဖို့ ဆို တဲ့ အဓိပါယ်ကို ဘယ်လို အရသာ ခံကြပြီး ဆုံးဖြတ်ကြသလဲ။မစဉ်းစားခဲ့ဖူးဘူး။ဒါပေမယ့် ဒီနေ့တော့ လူတွေ ရဲ့ အကျင့်စရိုက်တစ်ခုကို စဉ်းစားတဲ့ အနေနဲ့ တွေးကြည့်မိတယ်။
ဘဝမှာ အထက်တန်းလွှာ အခြေခံ လူ့အောက်တန်းစား အလွှာ တွေရဲ့ ကွာခြားချက်ဆိုတာ ဘယ်လို အတိုင်း မတာနဲ့ သတ်မှတ်ချင်သလဲ။စိတ်မဝင်စား စဖူး။ဒီနေ့တော့ နဲနဲ စဉ်းစားကြည့်မိတယ်။
ဘဝမှာ အချစ်ဆိုတာ ဘာလဲ။သေချာ မသိ။ဒီနေ့တော့ နဲနဲ စဉ်းစားချင်စိတ် ပေါက်နေတယ်။
ချောင်ပိတ် အရိုက်ခံရသလို နောက်ဆုံးအချိန်လို့ အတိအကျ ကြေညာခံထားပြီးတဲ့ လူတစ်ယောက်ရဲ့ တုန့်ပြန်မှုတွေကို ဘယ်လို ဆိုတာ ခင်ဗျားတို့ စဉ်းစားဖူးလား မသိဘူး။
ဟဟ ခံစားကြည့်ချင်စိတ် သက်သက်နဲ့ ရောဂါ ရှာကြည့်မိတာပါ ဆိုတာမျိုး . . . .ဒီနေ့ ၂၀၀၉၊၇၊၃၀ ဆိုတဲ့ ဒိတ်နဲ့ ဒီစာရေးနေတဲ့ လူတစ်ယောက်ကတော့ အသေအချာ မြွေဖမ်းလိုက်တော့မယ်။
သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်နေတယ်။ဘဝက ဘာလဲ ။ဖုန်းခေါ်နေတာ အချိန်ကြာကြာ။ပြီးတော့ ဖုန်းပြောဖြစ်တာ နာရီပေါင်းများစွာ။တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ကောင်မလေးတစ်ယောက်ဆီကို ဖုံးနံပါတ် ပေးဖြစ်တယ်။ဒါပေမယ့် ဆက်ဖို့ ခေါ်လိုက်ဖို့ ပေးတာ မဟုတ်ဘူး။ဖြစ်ချင်တော့ ဒီနေ့ ပဲ စက်က ဖောက်ပြီး ဘယ်အရာမှ မတည်ငြိမ်နိုင်တဲ့ သဘာဝကို ပြောပြနေပြန်တယ်။
အားလုံးကို စွန့်ရဲဖို့ အတွက် အားလုံးကို ပိုင်ဆိုင် ထားရမယ် ထင်တယ်။ဒါပေမယ့် အခုကတော့ ဘာမှ မပိုင်ဘူးတာတွေကို စွန့်လွတ်ဖို့ ကြိုးစားပစ်လိုက်တာပါ။အဖွဲ့ပေါင်းများစွာ လူမှုရေးပေါင်းများစွာကနေ နုတ်ထွက်လိုက်တယ်။အတ္တများစွာ အရူးလုပ်မှု များစွာကို စတေးလိုက်တယ်။နားမလည်ကြပါနဲ့။သည်းခံပါ။ဘယ်သူမှ နားလည်မယ် မထင်ခဲ့ပါဘူး။သေချာပေါ့က်လဲ နားမှ မလည်ခဲ့ကြတာ။
သေချာ ပြောနိုင်တာ တစ်ခုက တော့
စောစောပိုင်း အချိန်းပေါင်းများစွာက တစ်ချိန်လုံး ကိုယ်ကိုယ်ကို နားမလည်တောင် တစ်ဖက်သားကို သေချာပေါက်နီးပါး နားလည် ပေးနိုင်မယ်၊နားလည်မှုဆိုတာ ဒီနေရာမှာ ဆက်ဆံ လာသမျှလူတွေကို စိတ် ချမ်းသာစေချင်မှုလို့ ဘာသာပြန်ပါ။ယုံကြည်ကြည့်တာပါ။အဝေးကြီး။ဘယ်လို မှ အဆင်မပြေနိုင်ပါဘူး။ငါက နားလည်ပေးနိုင်တယ်ဟေ့ ဆိုတဲ့ အနိုင်ပိုင်းမှုကြီး ပါနေခဲ့တယ်။အားလုံးကို နားလည်သလိုလိုနဲ့ တွေးတဲ့ အတွေးထဲမှာ တကယ်
အားမလို အားမရနဲ့ သူများကို အပြစ်မြင်နေတာပဲ အဖတ်တင်တယ်။ကြာတော့ နားလည်ရမှာ ကြောက်လာတယ်။
အခုတော့ အဲလို မဟုတ်တော့ပါဘူး။ကိုယ်ကတော့ နားလည် မပေးနိုင်တော့ ဘူး ဆောရီးပဲ။ကိုယ့်ကိုလဲ နားလည် ပေးနိုင်မယ့်သူ
တစ်ယောက်မှ မရှိတော့ဘူး။နားလည်မှုဆိုတဲ့ စကားလေးက နားထောင်လို့ အရမ်းကောင်းတဲ့ စကားလုံးလေးပါလားလို့ အသိ အမှတ်ပြုခဲ့ရုံပဲ ဖြစ်လိမ့်မယ်။
FaceBook Account အခမဲ့ဖွင့်ပေးမည်။
10 years ago
No comments:
Post a Comment