ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Friday, August 7, 2009

အစ်ကို




တစ်နေ့ကျတော့
စာသင်ခန်းထဲမှာ ဆရာမက
ကျောင်းသားလေးတစ်ယောက်ကို ထခိုင်းပြီး
မေးခွန်းတစ်ခု မေးတယ်
မင်းကြီးလာရင် ဘာဖြစ်ချင်လဲ တဲ့
ကျောင်းသားလေးက ထရပ်ပြီး
ဆရာမကို အကြာကြီး ကြည့်နေတယ်။
ပြီးမှ လေသံ တိုးတိုးလေးနဲ့ ဖြေလိုက်ရဲ့
(နားထောင်စမ်းပါ)
ကျွန်တော်ဟာ ခြေတစ်ဖက်ဆာနေတဲ့ ကောင်လေးတစ်ယောက်
ဖြစ်ချင်ပါတယ်တဲ့
ဆရာမက တအံ့တသြနဲ့
ကျောင်းသားလေးကို ကြည့်ကာ
ဘာဖြစ်လို့လဲ သားတဲ့ ထပ်ပြီးမေးလိုက်ပေါ့

ဒီတော့ ကျောင်းသားလေးက
အရည်လဲ့ နေတဲ့ မျက်လုံးအစုံကို ပုတ်ခတ်ပြီး
ဦးခေါင်းကို ငုံ့ကာ
ဆရာမ ကြားနိုင်ရုံ တိုးတိုးလေး ပြောလိုက်တယ်
"ကျွန်တော့် ညီမလေးက ခြေတစ်ဖက် မသန်ဘူး ဆရာမ"တဲ့။

နေမျိုး
(ရုပ်ရှင်တေးကဗျာ-အောက်တိုဘာ ၂၀၀၀)

1 comment:

Anonymous said...

အော်
ညီမလေးကို ချစ်တဲ့ အကို တစ်ယောက်ရဲ့ ခံစားချက်ကိုး
ကျွန်တော် ညီမလေးကို ချစ်တယ်။

Post a Comment

Related Posts with Thumbnails