ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Tuesday, September 1, 2009

အရိုးရှင်းဆုံးစကား



ဟို့အဝေးက

ကြွေလွင့်လာတဲ့

သစ်ရွက်ကြွေကိုကြည့်ရင်း

ငါ့ရင်ထဲမှာ နင်ပဲရှိတယ် ……

သန်ခေါင်းကျော်ဆို

ငါ့နှလုံးသား

ငိုညည်းသံက

မင်းကိုသတိရတယ် ……


ငါ့ရင်ထဲအနက်ရှိုင်းဆုံး

ထောင့်တစ်နေရာက
နင့်ကိုငါတောင်းတတယ် ……

ချစ်တယ် ……

အရိုးရှင်းဆုံးနဲ့

အပွင့်လင်းဆုံးစကား

နင်ငါ့အပါးက

ထွက်ခွါမသွားပါနဲ့

ငါ့ရင်ခွင်ကနင့်ကို

တဘ၀စာအတွက်
တောင်းတနေခဲ့လို့ပါ …


ညီမလေး ပို့လာတဲ့ ကဗျာလေး တစ်ပုဒ်ပါ။

No comments:

Post a Comment

Related Posts with Thumbnails