ခဏတာပဲ ဖြစ်ဖြစ် အမြင်စိမ်းလန်းခွင့် အတွက်
မငြီး မငြူ ပေးဆပ်ရဲတာ ...ရာသီ အလိုက်
ဘယ်သူ့ကို မှ ဂရုတစိုက်ရှိပါ မတောင်းဆိုဘူး
ဘယ်သူမှ စိုက်စရာ ပျိုးစရာ တကူးတက မလိုဘူး . . . .
တဝဲလည်လည် ရက် လ တွေ ထဲမှာ လည်ပတ်မှု သံသရာ
ခွေကျတယ် ... ကြွေရတယ် ...ခြောက်သယောင်းတယ်
ဘာမှ ထင်ကျန် မနေရစ်လောက်အောင် ပြောင်တလင်းခါရတယ်
တစ်ခါ တစ်ခါ ... ဘယ်သူမှ မသိလိုက်သလို တိတ်တဆိတ် ထွက်ခွါ
တစ်ခါ တစ်ခါ လူအမြင်မတော်လို့ ရိတ်သိမ်း ခံရ
အကြိမ်ကြိမ် အချိန် ရောက်တာနဲ့ ရှင်သန်လာပြန်တယ် အမှတ်မရှိ။
ချစ်တတ် ခင်တွယ်တတ်ရုံလေး နဲ့ သဘာဝကျကျ ရှင်သန်ခွင့် သာ
မိခင် ဆီက ဆွတ်ခူး ခဲ့တယ် ... သူတို့ မျိုးဆက်တွေရဲ့ အသက်ဓာတ် ...
အသွေးဓာတ် ...ပြီးတော့ တစ်ဆက်ပြီး တစ်ဆက် ...ပေးဆပ်သွားချင်ခဲ့တာ
အညှောင့် အညွန့် က စလို့ စိမ်းလန်းခြင်းဆီ ဦးတည်ခဲ့တယ် ...
ပြီးတော့ ... အဆုံးသတ်ဆီ စောင့်မျှော်သူချင်းတူဦးတော့
(လူသားတွေ ကိုယ်တိုင်က သူ့တို့ အကျိုးအတွက်
သူတို့ အမြင်နဲ့ သူတို့ကိုယ်တိုင် ပိုင်းဖြတ်တဲ့
အကျိုးပြုခြင်း ရှိ မရှိ သို့ မဟုတ် တန်ဖိုးရှိ မရှိ )
နယ်ပဲ သတ်မှတ်ခွင့် မရှိပေမယ့် ရှင်သန် တော့ နေခဲ့တယ် ...။
အကျိုးပြု နယ်ပယ် သတ်မှတ်ခွင့် မရဘူး ဆိုးဦးတော့ ...
အချိန်ကျရင် သူတို့ ပြန်ရှင်သန်ကြဦးမယ် . . .အကြိမ်ကြိမ် ..။
nweminthit
No comments:
Post a Comment