ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Monday, September 28, 2009

တစ်မျှင်တည်း




တစ်ဘ၀အတွေးအတွက်
ခပ်ဖွဖွချစ်ပါ့မလားလေ..
ရွရွလေးပေးခဲ့တဲ့အနမ်း
ရင်ထဲမှတ်တမ်းတဲ့..၊

လာလည်မဟုတ်တဲ့
အချိန်ခရီးတစ်ခု
အသီးသီးသိတတ်
ပေးဆပ်ခဲ့ကြတာလည်း
သံယောဇဉ်တစ်ခုတဲ့..၊

မြင်နေမကျပေမယ့်
ရင်မှာရနေကြတာကိုက
ခပ်လှလှလေးဆိုတော့
မြိုမကျပေမယ့်
ချိုမြနေပြန်တယ်..၊


ထွေးသိပ်ဆိုတတ်တဲ့
အေးရိပ်ခိုတစ်ခုမှာ
မြတ်နိုးနေကြတာလည်း
အင်အားသက်နေတဲ့
ရင်နှစ်သည်းချာ
တစ်မျှင်တည်းရှိတာပါ...။
အကာမဲ့နေတဲ့
တံတိုင်းတစ်ခုရဲ့အပြင်မှာ
ခပ်ဖွဖွလျှောက်လှမ်းတတ်နေတဲ့
ချစ်သူ ရင်ခွင်တစ်စုံဟာ
ကြေကွဲခြင်းကိုမရောက်ချင်ပြန်ဘူး..၊

မမေ့တတ်တဲ့ နေရာတစ်ခုမှာ
ဝိညာဉ်တစ်စုံလို ဖန်တီး
ပြန်ပြီးမရှင်သန်ခဲ့ရင်တောင်
ဆက်ပြီးရပ်တည်နိုင်ကြမယ့်အသိတစ်ခု
အလွမ်းကြားမှာတော့
အနွမ်းဆိုတာကို မရှိစေချင်ဘူး..။


ညီမလေး ရဲ့ ခံစားချက် သက်သက် ကဗျာလေးပါ။စိတ်ဓာတ် သန့်စင်သလို ရုပ်တည်တည်ကြည်တဲ့ ညီမလေး စကားလုံး ချစ်စရာလေးတွေလဲ သုံးတတ်တယ်။ညီမလေး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း ဆုတောင်းပါတယ် ....

1 comment:

မချစ်ရ said...

ညီမလေးကဗျာလေးခံစားပြီးဖတ်သွားပါတယ်
တမျှင်တည်းသံယောဇဉ်လေး
ခိုင်မာနိုင်ပါစေ..နော်

Post a Comment

Related Posts with Thumbnails