ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Friday, October 2, 2009

ရင်ထဲ၌စွတ်စိုနေဆဲ အငွေ့အသတ်များ

ဘယ်အရာကိုမှ အတိအကျမသိခဲ့ရ
နေ့ခင်းဘက် အသက်ရှူသံ တစ်ချို့
တစ်ဝက်ကြောင့် ပွင့်ထွက်လာခဲ့တဲ့ အာသီသ
ဟာ ၊ နင့်ရဲ့ဓါတ်ပုံထဲက ရယ်ရွှင်မှုအပေါ်
ရိုကျိုးမိခဲ့ရတဲ့အခါ
နင့်ကို သံယောဇဉ်တွယ်တာလာမိခဲ့၊ ခဲ့တယ်

Chet Room ထဲက စကားလုံးတွေ၊ တွေဟာ
ငါ့ရဲ့ဖြစ်တည်မှု/ဆဲ ပုံစံခွက်ထဲက လက်ခံခဲ့
တဲ့အရာ၊ အဲ့ဒီအရာထဲ စကားလုံးတွေ / အချစ်တွေ /
သံယောဇဉ်တွေ / တွေ့၊ မြင်ခွင့်ရမယ့် နေ့ရက်တွေ
ဟာ၊ အာရုံထဲ ၀ဲပျံလို့ပေါ့၊ ငါမှားခဲ့ပါသလား
ငါမှား / မှန် ဝေဖန်ခွဲခြားဖို့ နင့်ရဲ့အသက်ရှူသံတွေ
ကို၊ မြင်ခွင့်ပေးပါ….၊ ငါဟာ နင့်ရဲ့တောင်ပံခတ်
သံကို နားစွင့်ဖို့ ပျံသန်းခဲ့တဲ့ရာသီ၊ Feb၊ 2008

မြင်ခွင့်မရခဲ့တဲ့ကာလ၊ ထိုကာလကြီးကို ကြိုးကိုင်နိုင်စွမ်း
မရှိတဲ့အခါ ငါ့ကိုယ်ငါမုန်းမိခဲ့၊ ဒါဟာ နင့်ကြောင့်လား၊
ငါ့ကြောင့်လား၊ လောကဓံကြောင့်လား၊…….၊ ……………လား၊
ဒီလိုဆို ငါဟာ နင်ရဲ့ဝေးရာကို၊ နင်ဟာ ငါနဲ့ဝေးရာကို
ပျံသန်းရမှာလား၊ လား၊ ထိုအခါမျိုးတွေးတောမိတိုင်း
ရင်.. ဘတ် ထဲကဆန္ဒတွေဟာေ၀၀ါး၊ ၀ါးခဲ့
တယ်၊ ဒါဟာ ဝေးလွင့်ခြင်း အစစ်အမှန်ဖြစ်ခဲ့တယ်
ဆိုရင်တောင် နင့်ရဲ့အငွေ့အသတ်ဟာ ငါ့အာရုံထဲ ၀ဲပျံလို့နေဆဲ….



ဒီလိုနဲ့ပဲ…
နင်နဲ့ဝေးရာကို ငါဟာ လွင့်ပျံခဲ့ရ၊ နင့်ပုံရိပ်က မြင်ခွင့်မရရှိတဲ့
ငါ့မျက်ဝန်းထဲ ကပ်၊ ကပ်ပါလာခဲ့၊ မမေ့ခဲ့ပါဘူး၊ မမေ့သေး
ပါဘူး၊ ဘယ်တော့မှမေ့လို့မရမှန်း ငါ့ကိုယ်ငါသိနေတဲ့အခါမျိုးမှာ
နင်သိ / မသိ / သတိရ / မရ ပြဿနာက ငါ့အာရုံထဲ၊ ထဲ
တံခါးမခေါက်ဘဲ ၀င်လာတယ်၊
ဘယ်လိုမှမေ့လို့မရမှန်း ငါ့ကိုယ်ငါသိနေတဲ့ ဖြစ်တည်မှုအချိန်တိုင်း
နင့်ရဲ့……………………………………… မျှော်နေမိ
နား …. လည် …. ပေး …. လှဲ့
စောင့်မျှော်ခြင်းအငွေ့အသတ်တွေ ရင်ထဲမှာ
စွတ်စိုနေဆဲ ရာသီ၌
ငါဟာ နင့်ကို …………… ။Align Center
ဏီအဲY

No comments:

Post a Comment

Related Posts with Thumbnails