ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Tuesday, October 6, 2009

လှိုင်းကလေး..သင်



လှိုင်းကလေး သင်

"ဒီကဗျာက ကူညီ တတ်တဲ့ သဘော ကူညီ တတ်တဲ့ စိတ်ဓာတ်ကို ချီးကျူး ထားတယ်။ ခေတ် စကားနဲ့ ကြီးကြီး ကျယ်ကျယ် ပြောရရင် ပရဟိတ စိတ်ကို ချီးကျူး တာပေါ့ကွာ။ ဘယ်က လာလို့ ဘယ်နေရာ သွားမယ်မှန်း မသိရတဲ့ လှိုင်း ကလေးက ပန်းခဲ့တဲ့ စင်ရော် ငှက်လေးကို ကမ်း အရောက် သယ်ပိုး ပေးခဲ့ တာကို ချီးကျူး ဝမ်းမြောက် မိတယ်လို့ ရေးထားတယ်။ ဒီ ကဗျာကို ၁၉၃ဝ၊ ဒီဇင်ဘာ လထုတ် တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်းမှာ ရေးခဲ့တယ်။"
ဆရာကြီးဇော်ဂျီ


ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီက
သည်ကမ်းယံ စေတီဦးဆီသို့
ဖူးမြော်ရန် ရောက်လာရင်းပေလ
ဘော..အိုအချင်း လှိုင်းကလေး..သင်။

ကမ်းရောက်ပြန်တော့
တစ်ဖြောက်မြည်သံကျူ၍
နဂိုမူစွန့်ကာပစ်ပါလို့
မူသစ်တစ်ဆင်ခြယ်၍
ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီသို့
မြန်းကြွမည့်သွင်။

ဘယ်ဒေသဆီက
သင်ကြွကာ သည်ကိုလာ၍
ဘယ်နေရာ ဘယ်ဆိပ်ကမ်းဆီသို့
မြန်းမယ်လို့ သင်ဟန်ပြင်
ကြုံချင်ဘု သည်အရေး။

သို့ကတဲ
စိတ်ထဲငါဆင်ခြင်ခဲ့
သင်လာစဉ် ပင်လယ်ကမ်းမှာဖြင့်
မုန်တိုင်းလေ လှိုင်းရေကြမ်းသော်ကြောင့်
ပန်းခဲ့သူ စင်ရော်ငှက်ကိုလ
ကျောထက်ဝယ် ဆောင်ယူသယ်၍
ဖောင်သဖွယ် သင်ကူမတယ်လို့
တွေးဆကာ သည်အလွမ်းရယ်နဲ့
ဝမ်းမြောက်တယ်လေး…။

ဇော်ဂျီ


Wavelet you !


Do you come
From the ocean’s far reaches
To the shrine on these beaches
Oh, friend, wavelet, you?
You come
Make momentary sound
Shed your old form
Assume a new look
And make as if to leave for the wide sea,
Where you come from.
To which front you will go
I shall not guess
But on you maritime way
You bore on your lock,
Saving as a raft,
The gull tossed by wind and wave
I have been gladdened by those thought.

1 comment:

မချစ်ရ said...

လှိုင်းကလေးလာဖတ်သွားတယ်

Post a Comment

Related Posts with Thumbnails