ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Thursday, October 29, 2009

တိမ်တွေနဲ့ အတူ

တစ်နေ့က ကျောင်း အပြန် ကျောင်းကားပေါ်ကနေ တိမ်တွေကို ဓာတ်ပုံ ရိုက်ယူခဲ့တယ်။အခု အဲဒီပုံလေးတွေကို ဘလော့တင်ကြည့်မိတယ်။တင်ဖြစ်သွားတာပေါ့။

ခရီးသွား မီးခိုးတန်းများတော့ မဟုတ်ဘူး ..ဒီတိမ်တွေ လို ပဲ ငါ့စိတ်တွေ လွင့်မျောနေခဲ့တာ အမှန် ..လွင့်နေတာ အမှန်ပေမယ့် ဘယ်ကို ဦးတည်ရမယ်လဲ မသိ ..ကဲ လွင့်ချင်ရာ လွင့်လိုက်စေ ..။ညီမလေးရေ မင်းကို လိပ်ပြာလုံလုံ လွမ်းခွင့်လေး မှ မရှိ ခဲ့ဘူး ...တကယ်ဆို ဇာတ်သိမ်းကြမယ် ဆိုတောင် အလွမ်းလှလှ လေးတွေ နဲ့ ဇာတ်သိမ်းကြရရင် ...တော်သေးတာပေါ့ကွယ် ..ခုတော့
အစကကတည်းက ပဲ ငါ့လမ်းတွေ ဒီကောင်းကင်ကြီးက ပိတ်ဆီးနေခဲ့တာ ...ပိတ်လှောင်နေတတ်တဲ့ ကောင်ကင်ကို ငါမုန်းတယ် ...ငါ ဟာ ဂျစ်ပစီ ..ငါဟာ လေနှင်ရာပါ...
မီးတွေ ပြတ်တတ်တဲ့ အဲဒီကောင်းကင်မှာ မီးပျက်ခိုက် လျပ်တွေ လက်လေမလား မျှော်လင့်မိတာ ..မှားခဲ့သလား ....ဘဝဟာ မရေရာပါဘူး ကွယ်..မင်းဘာလို့ မိုက်မဲ ချင်ရတာလဲ...

မရေရာ မသေချာတာတွေ များတဲ့ကောင်းကင်အောက် ...ကြိတ်ကာ ဝမ်းနည်း မဆုံး ..တစ်ချိန်မှာ အငွေ့လေးလို ဖြစ်ပြီး ပျောက်သွားချင်တတ်တဲ့ ကလေးမလေးတစ်ယောက် ရဲ့ စကားသံတွေ ...


ပင်လယ်တွေ ဖြတ်သန်းပြီး ပျံသန်းခွင့်ဆိုရင်..အဲဒီ တိန်တွေပဲ ရှိလိမ့်မယ် ..ငါ ခိုစီးချင်လိုက်တာ..ဘယ်သူမှ မမြင်နိုင်တဲ့ နေရာကို ရောက်ချင် ရောက်သွားပါစေ..

သုည ဖြစ်ခွင့် မရှိတဲ့ အတွက် မင်းတို့ကို အားကျမိတယ် တိမ်တွေရာ ...တကယ်ဆို မင်းတို့ နဲ့ ငါ ဘဝတူတွေပါပဲ..မှီတွယ်ရာ မရှိတဲ့ ..လဟာပြင်မှာ လာ ဖြစ်တည်ကြရတာချင်း အတူတူပေါ့။


ဘဝဆိုတာ မင်းတို့လိုပါပဲ အရုပ်လေးတွေ...ချယ်သနေရုံနဲ့ ကျေနပ်နေရတယ်..ကိုယ်တိုင် တစ်ခုခုကို ဖန်းတီးဖို့ ..ငါတို့ မကြိုးစားနိုင်ခဲ့တော့ ဘာထူးဦးမလဲ ကွာ..အတူလွင့်ကြစို့...

အရာရာအပေါ် ရှပ်တိုက်လေးလောက် ပျံသန်းရုံနဲ့ မရောင်ရဲတတ်ကြတဲ့ တို့ ကို မင်းတို့ ကြည်ကြည်လင်လင် ကြည့်ပြီး ..ပါးပါးလေး ရယ်နေမလား..မတတ်နိုင်တော့ပါဘူးကွာ ..မင်းတို့ ငိုနေမှာသာ စိုးရိမ်မိတာပါ..မင်းတို့ ငိုတယ်ဆိုတာ ..မင်းတို့ ဘဝ ကျဆုံးခြင်းပဲ လေ..ပျော်တတ်ပါစေကွာ..

သံသရာဆိုတာ ယုံ ကြည့်ပါ့လား ...ဖြေသာမှုလေး နဲနဲ မှ ရရပေါ့...မိုက်လို့ ရအောင်လေ ဆက်မိုက်ကြရအောင်လေ...ပြီးတော့ တစ်ခါ ထပ် မိုက်ကြရအောင်ပေါ့...
့်



ညီမလေးရေ တို့ ဆက်မိုက်ကြရအောင် ..ဆောရီး ...ဒီလို ပြောခွင့် မရှိလောက်အောင်အထိ ...တိမ်တွေ က ကာဆီးထားတယ်..မင်းတို့ပဲ မှောင်ကြ မိုက်ကြတော့ တိမ်တွေရဲ့ ..တစ်ခါတစ်လေတော့ အားကျချင်စရာပေါ့..

ညီမလေးနဲ့ ငါနဲ့ ပေါ့ကွာ သိပ်ယုံကြည့်ခဲ့ကြ ..သိပ်ပြီး တစ်ဦးနဲ့ တစ်ဦး ယုံကြည်ခဲ့ကြတာပေါ့...မင်းတို့ ရီကြလေ ..တားလို့ မှ မရပဲ...
မင်းတို့ ရေးတဲ့ အရုပ်လောက် မကြာတာတော့ ကံကြမ္မာပေါ့...နောက်ပိုင်းတော့ ..ကဲ သူငယ်ချင်းတို့ရေ ..ဆက်လွင့်ကြဦးစို့ ရဲ့ ...ဘဝဆိုတာ ..မင်းတို့ ပြောတဲ့ အတိုင်းပဲ...နောက်ပိုင်းတော့ မှောင်ရီ ရစ်သိုင်းလာတာပါပဲ...

ညီမလေးရေ ..တကယ်သွားဦးတော့ ..သွားနှင့်ကွာ ..ငါမတားတော့ဘူး..သေခြင်းတရားက ဘယ်သူပိုင်စိုးနိုင်လို့လဲ ..ဖြစ်နိုင်ရင်တော့ နှစ်ယောက်အတူ..သွားကြရအောင် ညှိတာလဲ ..လက်မခံဘူး..တရားခံလို့ လက်ညိုးတွေက လာတော့မယ် ..ကြောက်လို့ တော့ မဟုတ်ဘူးနော် ညီမလေး ..ကိုက တိမ်တွေနဲ့ အတူ လွင့်ရတော့မယ့်လူလေ ..ဘယ်သူ့ လက်ညိုးက ကို့ကို တည့်တည့် ထိုးနိုင်မလဲ..

တကယ်ဆို ရင် မင်းတို့ ရော ငါပါ သဘာဝတရားရဲ့ မောင်းနှင်မှုကို မငြင်းသာပဲ တရွတ်ဆွဲ ပါနေကြရတဲ့ ဘဝတွေပါ ...သူယ်ချင်း တိမ်တွေရာ...ဟော့ဒီတိမ်တွေ ..ညှို့ လာပြီးမှ ရှောင်သွားတယ်လို့ အပြစ်တင်တာ..မင်းတို့ ခံစားရတာ ..ရိုးရဲ့လား..ငါကတော့ ..ဘယ်တော့မှ ရိုးမယ် ..မထင်ပါဘူး..အတော် ခံစားရတယ် သိလား..
တိမ်ကို အရုပ်ရေးမိသလိုပါပဲတဲ့ ကွ...ဝတ္ထုတစ်ပုဒ်ထဲမှာလဲ ..မင်းတို့ ကို မော့ကြည့်ရင်း...မိန်းမောရင်း ဘဝဆုံးသွားတဲ့ ကလေးလေးတစ်ယောက်အကြောင်းတွေ့လိုက်သေးရဲ့..စိတ်မကောင်း တကူးတက ..မဖြစ်နဲ့နော် လောကဓမ်က ဒီလိုပဲ လွင့်နေလိမ့်မယ်..

ဖြစ်ရာဘဝကို ကျေနပ်တတ်မယ်ဆိုရင်တော့ မင်းတို့က တလွင့်လွင့်ပါကွာ ..အဲဒီ အတွက် ငါ ဂုဏ်ယူကြောင်း ပြောချင်ပါတယ်..ပြောရရင် အပေါ်သာ မရောက်တယ် ငါ လဲ လွင့်နေတဲ့ကောင်ပါ..မင်းတို့ နဲ နှိုင်းပြီး ငါ့ကိုယ် ငါ လွင့်ချင်နေတဲ့ ကောင်ပေါ့..ဒါ ပေမယ့် မိုးကုပ် စက်ဝိုင်း တံတိုင်း ရှိရင် ကောင်းကင်ကိုတောင် မုန်းချင်တဲ့ ကောင်ပေါ့...

အဲဒီနေ့က ငါ ကျောင်း အပြန် ကားပေါ်ကနေ မင်းတို့ ရဲ့ လွင့်မျော မှုကို အခုလို တခုပ်တရ ငါ မှတ်တမ်းယူခဲ့တယ် ..လွင့်ကွာ .. အားပေးပါတယ်..ဖြစ်နိုင်ရင် ငါ့ကိုလဲ တစ်ခါတည်း လာခေါ်စေချင်တယ်...မင်းတို့လား ငါ့လို ကောင်ကို လာခေါ်ဖော် ရမှာ ..ငါ ဘာမှ ပြောခွင့် မရှိဘူးလေ ..လေ လှိုင်းထဲ မှာ လွင့်နေသူ အချင်းချင်း ..ဘယ်သူက မှီခိုရာ ဖြစ်နိုင်မလဲ ကွာ..ဒါက ဘဝတွေပါ..


ဘယ်သူ နားလည်နိုင်မှာလဲ ..သိပ်နူးညံ့တယ် ..ဖွဖွ မဆုပ်ရက်အောင် ခံစားမိပါတယ်ဆိုဦးတော့ ဘာ အဓိပ္ပါယ် ရှိလိမ့်ဦးမလဲ..ဟုတ်တယ်လေ မသနားကြေးပေါ့...မြို့ ပြရဲ့ သစ်ဆွေး နံ့တွေ ပုပ်ရိနံ့တွေကို ..စိတ်ဝင်စားရကောင်းမှန်း မသိ ..ငြီးငွေ့ တတ်တာ အပြစ်တစ်ခုဆိုရင်..မင်းတို့ကို သယ်မယ့် လေတွေကို ရပ်ခိုင်းရုံပဲ ..ရှိလိမ့်မယ်..

ငါတို့ ခရီး ဆုံးလုပြီလား..ဘယ်အထိအောင် မင်းတို့နောက် လိုက်စေချင်လဲ ..ငါမောလှ ပါပြီ...မင်းတို့ကို မျက်ခြေမပျက်ချင်တဲ့ ..စိတ်ဇောနဲ့ ငါ မောနေခဲ့ပါပြီ ..ဖြစ်နိုင်ရင် တစ်ခါတည်း ခေါ်သွားပါတော့လား တိမ်တွေရာ..

အိပ်မက်မဟုတ်ဘူးလေ ..အိပ်မက်မဟုတ်မှန်း စတင် အသိအမှတ် အပြုခံရပြီး အိပ်မက်လိုပဲ ရေရေရာရာ မရှိပဲ ..မဆုံးချင်ပဲ ဆုံးခဲ့ရတဲ့ ခရီးမျိုးပေါ့...ညီမလေးရေ ..ဖြစ်နိုင်ရင် အပြီးသာ နုတ်ဆက်သြွးပါတော့..ငါ တီမ်တွေ စီးပြီးသာ မင်းဆီ လာလည်ခွင့် ရှိလိမ့်မယ်
ငါ့မှာက ကိုယ်ပိုင် ခြေထောက်တွေ ရှိခဲ့ရင် အကောင်းသား... တိမ်တွေကို ဖက်ပြီး လိုက်ခဲ့ ချင်တော့တယ်..

အဲဒီနေ့တွေက အရမ်း ခက်ခဲ ကြမ်းတမ်းနေခဲ့တယ်..စာမေးပွဲ တွေက နီး ..ကျောင်းတက်ချိန်တွေက စိန်ခေါ်နဲ့ ..ညီမလေးက နားလည်မှုလြွ ..ပြောရရင် မကောင်းဘူး..ယုံကြည့်တယ် ဆိုတဲ့ ဝေါဟာရ တစ်ခုတည်းနဲ့ ..တိမ်တွေပေါ် ခိုစီးခဲ့ ကြတဲံ အဖြစ်..ခိုင်မာမှု ရှိ မရှိ ဘယ်သူ အာမခ့ခဲ့လို့လဲ..စကားလုံးတွေက ဝေါဟာရတွေ သက်သက်ပဲလေ ..ကဲ လွင့်ကြစို့ ...မင်း တကယ် မိုက်မယ်ဆိုရင် ငါလိုက်ခဲ့ ယုံပဲပါ့....တိမ်တွေနဲ့ အတူ...ညီမလေး ပုံမှန်အတိုင်း ကြုလင့်တတ်ပါစေ...

၂၈.၁၀ ၂၀၀၉...ခက်ခဲ တဲ့ နေ့ရက်တွေကို တိမ်တွေလို ဖြတ်သန်းနိုင်ရပါလို၏ ..




No comments:

Post a Comment

Related Posts with Thumbnails