ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Friday, October 2, 2009

သောကြာနေ့ည




အခု စာမှာ နိဒါန်းကို မရှာတော့နဲ့လေ ပြီးတော့
လောလောဆယ်က နိဂုမ်းဆိုတာလဲ ပျောက်ဆုံးနေပြန်တယ်
ဘေးလူတွေ ငေးပြီး အားကျချင်စိတ် ရှိနေခဲ့တာတောင်
ဘယ်လို ဘာကို ဘယ်အချိန်ကြည့်ရ ကြည့်ရ သံစဉ်တူနေတယ်
ကိုယ့် ခံယူမှုကိုက တစ်သမတ်ထဲ ထုတ်လွင့်ပေးနေခဲ့လို့ ဖြစ်မယ်
ဖုန်းဆက်ရတာ အဆင်ပြေတယ်လို့ မခံစားရတာ ကြာပြီ
နောက်တစ်ခါခေါ်လိုက်မယ် ပြောပြီး ပျက်ခဲ့တာ ရှိမယ်ထင်တယ်
မသေချာမှုတစ်ခုနဲ့ လွင့်တင်ခဲ့တဲ့လမ်းလား
မသေချာတော့တာ ဘာမှ မဆန်းဘူးပေါ့လေ
ခံစားရတာကို ပြောရရင် စကားလုံးတွေ က အဓိပ္ပါယ် မပြည့်နိုင်ဘူး

စိတ်တွေ လေးနေတယ် ညီမလေးရေ
အတွေးတွေ အကြောင်း အရာ ပေါင်းစုံနဲ့ ညကို ဖြတ်သန်းရဦးမယ်
အချိန်တွေ နည်းနည်း လိုက်လာ တဲ့ အချိန်ကို ချွေတာရင်း
နှမျောတသစွာ နဲနဲ ရင်း ဖြေချခဲ့ပေမယ့် ညီမလေးနဲ့
နွေးထွေးတဲ့ အချိန်တွေ တကယ် ကုန်ခဲ့ပြီလား
သံသယတွေနဲ့ အမြဲ ရစ်ပတ်ရှုပ်ထွေးနေတဲ့ကိုယ့်ကို ခွင့်လွတ်စရာ
မြင်ကြည့်လို့ မရနိုင်ဘူး ပြောလဲ မလွန်သလို
ကိုယ့်ကလဲ နားလည်ပေးဖို့ အပိုတွေ နဲ့ ဖွဲ့နွဲ့ ပြီး မပြောချင်တော့ပါဘူး

မလိုပါဘူးနော့ ...ရသကဗျာတွေ မခံစားနိုင်တာ ကြာနေပြီ
အွန်လိုင်း သူငယ်ချင်းတွေဆီလည်ပြီး ခင်မင်ကြောင်းပြ ဝေါဟာရတွေ
အနည်းနဲ့ အများ မပေးနိုင်ခဲ့တာ ကြာပြီ
ကျက်စာတွေ ရှေ့မှာထားပေမယ့် စာမျက်နှာထဲက ကောက်ကြောင်းတွေ
ဘာပြောလဲ ဖမ်း မရဖြစ်နေတာအခုရက်ပိုင်းမှာ
အတူသေကြရအောင် လောကဓမ်ကို သက်သေ ပြစရာ ဒါပဲ ရှိမယ်
မင်းယုံဖို့ ငါယုံဖို့ သက်သေပြချက် တစ်ခု အနေနဲ့ ပြောတာ

မဟုတ်ဘူးလေ
စိတ်ခံစားမှုကို ငါတော့ ဘယ်တုန်းကမှ လျော့ မတွက်ဖူးဘူး
ပြောရရင် စိတ်ထဲ ရှိတာ အမှန်ပဲ ဒီလို ကြီးပြင်းခွင့်ရှိအောင်
ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်ခွင့်ရတာ ငါကံထူးလိုက်တာ

ဘယ်က စလဲ မတွေးနဲ့တော့နော် ဘယ်ဆုံးမလဲ မှ မသိတာလေ
လက်တွေ ညောင်းရင် ရပ်သွားလိမ့်မယ် မျက်စိတွေ ညောင်းရင်
မှိတ်သွားပါလိမ့်မယ် အာရုံခံစားမှုတွေ ညောင်းညာနေလို့လား
ငါ့အသိထဲ ခံစားမှုတွေ လာထည့်ပါဦးလား ညီမလေးရယ်
ရက်စက်မှုပဲ ဖြစ်ဖြစ် ကြင်နာမှုပဲ ဖြစ်ဖြစ် ငါဆီပို့လို့ ရမယ် ထင်တာ
ဘာမှ မခွဲခြားဘဲ ရောက်နိုင်တာ တစ်ခုခု ပို့ပေးပါ့လား
အွန်လိုင်းက စာတွေ ဘာလို့ အဓိပ္ပါယ် ဆိတ်သုဉ်းကုန်ပါလိမ့်
နိုင်ငံရေးတွေလား မထူးပါဘူး အကျိုးအပြစ်တွေလား ရှိရဲ့လား
အချစ်စာတွေလား ဘာတွေ ပြောနေကြတာပါလိမ့်
သတင်းတွေ အတင်းတွေ အဖျင်းတွေ ဘာတွေ ကို ဘယ်လိုလူတွေက
ဘာကြောင့်သတ်မှတ် ခွဲခြားနေကြတာပါလိမ့်

မနေတတ် မထိုင်တတ် အားမရ မကျေနပ် ငြင်းခုံမှု ကိုယ်စားပြု
အငြင်း ဝါကျ ဥပမာ ဥပမေယျ အစုံအလင်နဲ့
ဘာဖြစ်နေလဲ စိတ်ထဲ အဖြေရှာဖို့ခက်တယ်လေ
တတ်သမျှ မှတ်သမျှ စကားလုံး တွေ ဝေါဟာရတွေ
စိတ်ထဲ နားလည်နိုင်စွမ်းရှိသမျှ အဓိပ္ပါယ်တွေ နဲ့
ဘယ်လို စကာချယူယူ ငါ့ကိုယ်ငါ မသိဘူး သေချာတယ်
ထပ်ပြောရရင် ဘာလို့လဲ မမေးနဲ့လေ မသိနိုင်ဘူး ကြိုပြောမယ်

ငါနားလည်စရာ အသိလိုလား မလည်လဲ ရလား
ငါသိနေတာ ဘာလဲ ငါကိုယ့်ငါတောင် ပြန် မသိချင်ဘူး
သေချာတာက ဒီနေ့သောကြာနေ့လေ ညီမလေးရဲ့
မှတ်မှတ်ရရ ၁၀ လပိုင်း ၂ ရက် ၂၀၀၉ ဆိုတဲ့သောကြာလေ
နေ့တွေ ရက်တွေ လတွေ နှစ်တွေ ဘယ်သူ သတ်မှတ်လဲ ဟေ့
သတ်မှတ်တာတွေ ကို ဘယ်သူ သတ်မှတ်ကြသလဲ
ဘာကြောင့် ငါ့ညီမလေးကို ငါဆီက ဆွဲထုတ်ချင်ကြတာလဲ အရာရာက
ငါ့စာ နိဂုမ်း ရှိမရှိ ဘယ်သူနားလည်မလည် ငါဘာမှ မလိုအပ်ဘူး

ငါလက်မခံပါဘူး ငါ့ကို ဘယ်သူက ဘာလို့ လာနုတ်ဆက်လို့လဲ
နုတ်ဆက်ပွဲလုပ်တာ ငါမပါဘူး ငါကလဲ ငါ့ကိုငါ နုတ်ဆက်ခွင့် မပေးဘူး
တစ်ခုရှိတာက အသည်းကွဲခွင့်ဆိုတာ ပါမစ်ယူရလား မေ့သွားလို့
အကျင့်ပါနေတာလဲ ဖြစ်ချင်ဖြစ်မယ် စရိုတ်ဆိုတာ အလကားတံဆိပ်ကပ်ထားတာ မဟုတ်ဘူး လေ
စိတ်ရိုင်းတွေ လွတ်လွတ်လပ်လပ် လွင့်တင်ခွင့်တော့
အများသဘော ဆန္ဒ ခံယူပြီး သားလူတွေအတွက် ကွက်တိပဲ
တော်ပါပြီ လေ ..အခု ငါနားတော့မယ် ..ငါ နားနေရာကနေ နားမယ်
စနေ တနင်္ဂနွေ ကို မမျှောလင့်တော့ဘဲ နားပစ်ချင်တယ် ဖြစ်နိုင်ရင်
ပြီး တော့ ခရီးတွေ ဆက်သွား ပါလေ ဆက် ဆက် ပြီးတော့ သွားပါလေ..
ငါကတော့ ထုံးစံ အတိုင်း တစ်ယောက်ထဲ လွင့်လိုက်မယ်
လွင့်နေကျပုံစံ အတိုင်းပေါ့ အမြဲ လဲ လွင့်နေတာပဲ




No comments:

Post a Comment

Related Posts with Thumbnails