ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Sunday, August 9, 2009

တစ်ယောက်ထဲ စကားစမြည်


ဘယ်လို ပြောရမလဲ
တစ်ခါတစ်လေ စိတ်အလို မကျမှုလဲ မဟုတ်
စိတ်ကြည်နေတဲ့ အချိန်ကနေ ဖျက်ကနဲ လွင့်လွင့်သွားတတ်တာမျိုး
သမုဒ္ဒရာကြီးထဲ ပြေးပြေးဝင်ချင်မိတာမျိုး
ကောင်းကင်ပြာပြာပေါ် လွင့်ပျံတက်လိုက်ချင်တာမျိုး
စိမ်းညိုညို တောင်တော သစ်တော ကျွန်းတောလေးတွေဆီ
ကိုယ့်ကိုယ်ကို စိတ်လိုလက်ရ ပစ်ပေါက်လိုက်ချင်တာမျိုး
ဒါလဲ ဟုတ်သေးပါဘူး . . . .
ဘယ်ကိုသွားပြီး ဘယ်သူနဲ့ တွေ့ ရရင် ကောင်းလိမ့်မလဲ
သို့သော် ကိုယ်တွေ့ ချင်တဲ့ ဘယ်လိုသူက ကိုယ်လိုချင်တဲ့ ဘယ်လို တုန့်ပြန်မှုမျိုး
ရှိမယ် မရှိဘူးက မသေချာပြန်ဘူး ထုံးစံအတိုင်း . . . .

ဘဝကို ခုတ်ချလိုက်တော့မယ်
အောက်က ဘာတွေ အရံသင့် ဖြန့်ခင်းထားလိုက်ရမလဲ . . .

ဘာကြောင့် မရိုးစေချင်တာတွေက ရိုးရိုးသွားတတ်ပြီး
ဘယ်လိုမှ ဖမ်းဆုပ်ခွင့် မရှိတာတွေက ခဏခဏ ပိုင်ဆိုင်ချင်ရတာလဲ . . .
ပိုင်ဆိုင်မှု, အခြေနေ,လုပ်ချင်တာ ,လုပ်ပိုင်ခွင့်
နေပျော်မှု,မသိမသာ,ဖန်တီးယူခြင်း,အတင်းအဓမ္မ


ဆိတ်ကွယ်ရာ,စိတ်အခံ,ညလယ်အချိန်,စကားလုံးများ
တပွေ့ တပိုက် ,ကိုယ်ကာယ - - - -
အဓိပ္ပါယ် မသဲကွဲ စကားလုံးတွေ လိမ့်ဝင်လာပြန်ပြီ။

ဘာတွေက ဘယ်လိုကြောင့် အတွေးတွေကို သယ်ဆောင်ခဲ့တာလဲ
စိတ်ဓာတ်,စွမ်းရည်,အရည်အသွေး ,ကြံ့ခိုင်ခြင်း
ကောင်းမြတ်ခြင်း,ပြည့်စုံမှု,အင်္ဂါရပ်
ကြာရင်ကုန်ခမ်းတတ်တဲ့ အရာတွေလား
တစ်ခုခုကြောင့် ဖျက်ကနဲ ကြက်ပျောက် ငှက်ပျောက် ပျောက်ပျောက်သွားတတ်ကြသလား . . .

ကြာရှည်သုံး အာမခံကြော်ငြာတွေ လူသိရှင်ကြား လိုအပ်နေတယ်
တစ်နေ့က နေမကောင်းဘူး/ဘာမှ မတတ်နိုင်ခဲ့ဘူး
ဖြည့်ဆီးမှုတွေ လိုအပ်လာလေ လိုအပ်ချက်တွေ ဆတိုးပွားလာလေလေ
မျောစီးသွားမယ့် အဆမတန် ပေးဆပ်ချင်မှုတွေရှိနေလဲ
တောင်းပဲ တောင်းနေတာတွေကိုသာ တွေ့နေရပြီး
အရမ်းကြောက်ဖို့ ကောင်းတဲ့ စိတ်ကလေးပါပဲလား

ဘယ်လိုမှ မတတ်နိုင်တာတွေပဲ တောင်းနေတဲ့ အခါ
ဘာမှ မတတ်သာတဲ့ အတိုင်း ထုံပေပေ တွေတွေ မျော
တစ်ခါတစ်လေ ပြောပါတယ်
ဒီအတိုင်းပဲ တစ်ခါတစ်လေ
စိတ်အလို မကျမှုတော့လဲ မဟုတ်ပြန်ဘူး
စိတ်ကြည်ရာကနေ ဖျက်ကနဲ ဖျက်ကနဲ လွင့်လွင့်သွားတတ်တာမျိုး
အဲဒီ ကောင်းကင်ကြီးဆီ မျှော်ငေးနေမိတတ်တာမျိုး
ငါ့မှာက ငေးဖို့ ဆိုတာလဲ အဲဒီ ကောင်းကင် တစ်ခုပဲ ရှိတယ်လေ။

nweminthit

No comments:

Post a Comment

Related Posts with Thumbnails