ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Sunday, August 9, 2009

Read More လုပ်ရအောင်

ကိုရန်အောင် ဘလော့မှာ ပဌမဆုံး နည်းပညာဆိုင်ရာလေးတွေကို ဖတ်ဖူးပါတယ်။နောက် သူတို့ အဖွဲ့ရဲ့ Myanmar Blogger Helpdesk ပေါ့။တဖြေးဖြေးနဲ့ အွန်လိုင်းမှာ မျောပါသွားတယ်။D:
ကိုပီကေ နောက် ကိုညီနေမင်း။ကိုယ်လို ချင်တဲ့ ခေါင်းစဉ်အောက် ရောက်သမျှ တွေ့သမျှတွေကို ဆိုင်ရာတွေမှာ အကုန်လိုက်ဖတ်ရင်း ရောက်ရော ဆိုပါတော့။အခု ခေါင်းစဉ်နဲ့ ဆိုင်ရာလေး ကိုလည်း ကျနော့်အနေနဲ့ အဆင့်မှီမှီ နားလည်လို့ မဟုတ်ကြောင်း ဝန်ခံပါရစေ။အခု ကျနော် ကိုးကားတဲ့ ဆရာတွေ နေရာကို ညွှန်းလိုက်ရင် ဒါတွေက ပြည့်စုံသွားပါပြီ။ဒါပေမယ့် အခု ပို့စ်လေးက အဲဒီ ဆရာတွေ နေရာမှာ လေ့လာ ပညာယူ ဖတ်လုပ်လဲ ဘာမှ နားမလည်ခဲ့တော့ တော်တော်နဲ့ အဆင်မပြေတဲ့ အကြောင်း,ကျနော်လို လူပြိန်းတွေ အတွက် ဆိုင်ရာ ဘာသာဗေဒ အခေါ်အဝေါ်တွေကို နားမလည်ပဲ ဇွတ်မိုက်ပြီး လုပ်ခဲ့တော့ ရလာကြောင်း ပြောပြချင်တာ သက်သက်ပါပဲ။သူငယ်ချင်းတွေ အလွယ် လုပ်စေချင်တဲ့ စိတ်နဲ့ ဒါလေးကို ရေးဖြစ်တာပါ။
ပြောရရင် ကျနော် အဆင်ပြေတာက အဲဒီ ဆရာတွေ နေရာတွေ ဖတ်ရင်း အဆင်ပြေတာလို့ ပြောလို့ ရသလို တကယ်ရလာတာက သူတို့ ဆီက မဟုတ်ပြန်ဘူး။ကိုရန်အောင် ရဲ့ comment အောက်ခြေမှာ မှတ်ချက်ပေးသွားတဲ့ ဆရာတစ်ယောက်ရဲ့ နေရာကနေ အဆင်ပြေသွားတယ်ဗျ။
အဲဒီတော့ အခု လုပ်စရာလေးနဲ့ ပတ်သက်ရင် (၁)ကိုရန်အောင်ရဲ့ peekabooပို့စ် ခေါက်ခြင်းကို အရင် ဆုံးညွှန်းပါတယ်။(၂)ကိုပီကေရဲ့ Peekaboo ပို့စ်ခေါက်ခြင်းကို ထပ်ညွှန်းပါတယ်။(၃)ကိုညီနေမင်းရဲ့ Peekaboo ပို့စ်ခေါက်ခြင်းကို ညွှန်းရပါတယ်။အဲ ဒါလေးတွေကို ဖတ်ပြီး လုပ်ကြည့်ပေါ့ဗျာ။အဆင်မပြေရင်တော့ ဘယ်လို မှ မတတ်နိုင်ပါဘူး . .):

ဒါပေမယ့် Eလို ရေးထားတဲ့ နေရာလေးနှစ်ခုကို လဲ မဖြစ်မနေ ညွှန်းရမယ် ထင်ပါတယ်။ဆရာတွေကို ကျော်တာ မဟုတ်ဘူးပေါ့။အဓိကက ကိုယ်လုပ်ချင်တာလေးရဖို့ ပဲ လို့ စိတ်မှာ ထင်တယ်။ပထမနေရာကတော့ ဆရာကိုရန်အောင် ဒါရိုက်ညွှန်းပေးတဲ့ နေရာလေးပါပဲ။ကိုရန်အောင်ရဲ့ ပို့စ်အောက်ခြေက ဘော်ဘော်က လဲ အဲဒီနေရာကိုပဲ့ ညွှန်တာပါ။Beautiful Beta နေရာလေးက ပို့စ်လေးပါပဲ။တစ်နေရာက မေ့နေတယ် ပေါ်မှ ပဲ ပို့စ် ကို ဖြည့်တင်လိုက်တော့မယ်။သူများပြောထားလေးတွေ ညွှန်းတာ ဘာခက်တာလိုက်လို့ နော့်။ဒါပေမယ့် တကယ် လုပ်ကြည့်တော့ တော်တော်ကို ခက်နေပါတယ်ဗျာ။ဒီနေရာမှာ ဆရာ တစ်ချို့ ဆီ ကျနော် Cbox မှာလား ကွန်မန့်မှာလား မေးခဲ့ဘူးတဲ့ မေးခွန်းကတော့ Template အသစ်မှာ ပဲ လုပ်လို့ ရသလား ။အဟောင်းမှာရော လုပ်လို့ ရနိုင်မလား မေးဖူးပါတယ်။ကျနော်ကိုယ်တိုင်က သိပ်ပြီး ဂရုတစိုက် မရှိခဲ့မိတော့ ဒါလဲ သိပ် မသဲကွဲ လိုက်ပါဘူး။ကျနော် လုပ်ကြည့်မိသမျှတော့ Template အသစ်မှ ပဲ အဆင်ပြေပါတယ်ဗျာ။အရင်ကတော့ ဘလော့နေရာတွေ မှာ ဘယ်လို ဘယ်လောက် ကျနော် လဲ မသိဘူး။အခုတော့ အွန်လိုင်းလောက သားတွေ ပေါလာပြီး ကိုယ်ပိုင်နေရာလေးတွေလဲ များလာ,ကိုယ့်နေရာနဲ့ ကိုယ်လဲ ကြုံသလို အကောင်းဆုံးလုပ်နေကြတယ်။ဆရာတွေ နေရာက အရမ်းအဆင့်မြင့်ကြပြီး လိုက်တောင် မမှီဘူး။အဲဒီမှာ ကျနော်တို့လို နောက်တိုးတွေက ဟိုမမှီ ဒီ မမှီနဲ့ ဒုက္ခ ရောက်လှတယ်။ဒါကြောင့် ကိုယ် ဖြတ်သန်းမှုလေးကို မှတ်တမ်းတင်တဲ့ အနေနဲ့ ဒါလေးကိုတင်လိုက်ပါတယ်။အဆင်ပြေကြပါစေပေါ့ဗျာ။
အနှစ်ချုပ်ပြီး ညွှန်းလိုက်ရရင်
(၁)http://yanaung.prospect.googlepages.com/myhacko.js လေးကို ကိုယ့်စက်ထဲ စေ့ပြီး Hosting တင်ပြီး ကိုယ့်ကိုယ်ပိုင် ဖိုင်ဖြစ်အောင်လုပ်ဗျာ။သူများဟာဖြစ်နေမယ်ဆိုရင် အသုံးများပြီး ပျောက်ပျောက်သွားတတ်လို့တဲ့။
(၂)ကုဒ်ဒင်းလေးတွေ ဖြည့်ဗျာ။
(၃)Setting ထဲက Formatting Tab ကိုသွားပြီး Post-Template နေရာမှာ အောက်ပါစာသားလေးများကို ရိုက်ပါ။
Type your summary here.
<span id="fullpost">
Type the rest of your post here.
</span>
အပေါ်ဆုံး စာကြောင်းလေးကို စလပ်ပေးပြီး ကိုယ်ရိုက်ချင်တာ စာမျက်နှာမှာ ပေါ်စေချင်တာလေးကို ပို့စ်တင်ပါ။
တတိယ စာကြောင်းလေးကို စလပ်ပေးပြီး ပုန်းနေစေချင်တယ် စာသားလေးတွေ ပို့စ်မှာ တင်ပါ။ဒုတိယ စတုတ္ထစာကြောင်းလေးတွေ က အမိန့်ပေး ကုဒ်လေးတွေပါပဲ။သူတို့ကိုတော့ ဒီအတိုင်းလေး ထားပြီး ပို့စ်ကို တင်သာ တင်လိုက်ပါ။ပို့စ် တင်တဲ့ အခါမှာလဲ ညာဘက်ဒေါင့်လေးမှာ Previewရဲ့ အပေါ်က compose နဲ့ စာရိုက်မှသာ အဲဒီ အထက်က ကုဒ်လေးက ကွဲပြာပြီး အလုပ်လုပ်ပါတယ်။Edit Htmlနဲ့ ဆိုရင် စာကြောင်း နှစ်ကြောင်းသာ ပေါ်နေပြီး အလုပ်မလုပ်တော့ပါဘူး။အတော်ပညာရင့်တဲ့ ညွှန်ကြားချက်လေးပေါ့။D:

No comments:

Post a Comment

Related Posts with Thumbnails