ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Friday, September 4, 2009

4/9/2009-10:05 pmဒိုင်ယာရီ




နာကျင်မှု ဟာ အပျင်းပြေ စားဖို့ ကွာစေ့ နေကြာစေ့လေးတွေကို
တစိမ့်စိမ့် တမြေ့ မြေ့ အချိန်ဆွဲ ကြာအောင် မွေးထားနေသင့်လား
လူတိုင်းရဲ့ ခန္ဓာတွေမှာ ဝေဒနာတွေ ဖြစ်တည်ခွင့် အညီ အမျှ ပေးထားရဲ့နဲ့
ဘာကြောင့် ညီမလေးကိုယ်ပေါ်မှာမှ လူအများစာ ပျော်မွေ့ နေခဲ့လဲ
မင်း ခန္ဓာကိုယ်ထဲမှာ နာကျင်နေလိမ့်မယ်
မင်း ရင်ဘက်ထဲမှာ နာကျင်နေလိမ့်မယ်
မင်း သွေးသားတွေထဲမှာ နာကျင်မှုတွေ လည်ပတ်နေလိမ့်မယ်
မင်း ကျောရိုးတွေ ထဲ အထိ စိမ့်ဝင် နာကျင်နေလိမ့်မယ် . . . .


ကြေကွဲမှုဟာ ဆေးလိပ် ဖွာသလို တရှိုက် ငင်ငင် ဆက်ကာဆက်ကာ
ဖွာရှိုက် စရာ အရသာ တစ်ခုလို စွဲနေတတ်တဲ့ သဘာဝမျိုးလား
လူတိုင်း သောကတွေ ခံစားစေဖို့ စိတ်ကို ထည့်ပေးထားရဲ့နဲ့
ဘာကြောင့် ညီမလေး စိတ်ထဲမှာ လူအများစာ ဝင်နေရာ ယူနေလဲ
မင်း အသိစိတ် အတွေးထဲမှာ သောကတွေနဲ့ အတိ ရှိနေလိမ့်မယ်
မင်း မေကြီး အတွက် သောကတွေ ရှိနေလိမ့်မယ်
မင်း ဘာမှ မသိတဲ့ ချစ်သူအတွက် သောကတွေ ထပ်ထပ် ခံစားနေရမယ်
မင်း စာနာမှုမဲ့ ဖိနှိပ်မှုကြောင့် သောကတွေ ခံစားနေရမယ်
မင်း ခက်ခဲတဲ့ မနိုင်ဝန်ငွေကြေးကြောင့် သောကတွေ ခံစားနေရမယ်
မင်း နောင်ရေးအတွက် သောကတွေ ခံစားနေရမယ်
မင်း တာဝန်ကျေချင်စိတ် အတွက် သောကတွေ ခံစားနေရမယ် ...

လူတွေရဲ့ ပင်ကိုယ်စိတ်ဓာတ်က အကြင်နာတရား မခေါင်းပါးကြပါဘူးကွယ်
လူ တွေ အသီးသီးက လူတိုင်းဟာ ကိုယ့် ဆွဲငင်အားနဲ့ ကိုယ် ငုံ့ဝင် ရုန်းကန်နေကြရလို့
မင်း အပေါ် မစာနာ နိုင်ပါလားလို့ မတွေးလိုက်ပါနဲ့နော်
လူတောထဲဟာ သားရဲတောထက် ပို ဆိုး ပိုထိတ်လန့်စရာတွေ ရှိတတ်တယ်
လူတွေရဲ့ ပင်ကိုယ် စိတ်တွေ ပျောက်ကွယ်လုနီးဖြစ်နေတာကို
မင်း တွေးပြီး စိတ် မပျက်လိုက်ပါနဲ့ မင်း သက်ဝင်ရာ တရားဓမ္မက
မင်းကို အကောင်းဆုံး ဖြေဖျောက်နှစ်သိမ့် မှုတွေ ပေးပါလိမ့်မယ်

သွားသွားလာလာ ဖြတ်သွားဖြတ်လာနဲ့ ဘယ်သူမှ မင်းကို ဂရု မစိုက်ဘူးလို့
မင်းမြင်ပြီး မကြေကွဲ လိုက်ပါနဲ့ ဘုရားသခင်ရဲ့ ဖြေသိမ့်မှုကို
မင်း အပြည့် အဝ ယူလိုက်ပါ . . . .

လူတွေထဲမှာ မင်း တစ်ယောက်ထဲ ရှိနေတယ် လို့ မင်း ခံစားလိုက်ရချိန်မှာ
မင်း အားမငယ်လိုက်ပါနဲ့ ဘုရားသခင်နဲ့ မင်း နှစ်ယောက် ထဲရှိနေခွင့်ရတယ်လို့
လှည့်တွေး ဝမ်းသာပေးပါ ...မင်းဘေးနားက လူတွေ မင်းအနားမှာ ရှိမရှိ
သေချာ မသိနိုင်ပေမယ့် ရေခြားမြေခြား ကမ္ဘာ ခြားနေတဲ့ လူတစ်ယောက်ကတော့
မင်းအနားမှာ ရှိနေသလို နာကျင်ပေး ခံစားပေးနေပါတယ် . . . ။

1 comment:

မချစ်ရ said...

ညီမလေးနဲ့အစစအဆင်ပြေပါစေ

Post a Comment

Related Posts with Thumbnails