ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Saturday, September 5, 2009

ဦးတည်ရာ



ပင်လယ်ကို မျှားဖို့ ထွက်လာတဲ့ ငါ
မြစ်တစ်စင်းကိုသာ ထမ်းပြီး ပြန်မယ် စိတ်မကူးဘူးတဲ့
ကဗျာ တစ်ပုဒ်ထဲက စာသားလိုပဲ ....

ပုဇွန်းလုံး နှိုက်ရုံလောက်ပဲလား
ရွာဘေး မြောင်း ချောင်းလေး ထဲပဲ လုံလောက်တာပေါ့
ရွာငါး ကန်ငါးကို မျှားချင်တယ်ဆိုရင်
ရွာက ရေကန်မှာသာ မျှားမယ်လေ ....

မြစ်ငါးကို လိုချင်ရင်တော့ ဧရာဝတီလို မြစ်တစ်ခုရဲ့ ကမ်းဆီ
ရောက်အောင်သွားဖို့ လိုမယ်
ပင်လယ်ငါးမှ မျှားချင်တယ် ဆိုရင်တော့
ပင်လယ်ရှိရာ ကို ရောက်နေဖို့ မဖြစ်မနေ လိုအပ်မယ် ....


လိုချင်တာက ပင်လယ် ကမ်းစပ်က ငါး မဟုတ်ဘူး
မိုးကုပ် စက်ဝိုင်းအောက် ကွေးဝင်သွား ကွေးဝင်သွားတဲ့ ရေပြင်
မျက်စိတစ်ဆုံး ...မျက်စိတစ်ဆုံး ...ဆုံး ဆုံး သွားတတ်တဲ့
ကျယ်လွန်းမက ကျယ်ပြန့်တဲ့ သမုဒ္ဒရာ
ပဲ့တင်ထပ် တုန်ဟည်းနေမယ့် တိုက်ပွဲခေါ်သံ ကို နှစ်ခြိုက်
ခက်ခဲတဲ့ ယှဉ်ပြိုင် ရုန်းကန်မှုကို တပ်မက်
ပင်လယ်ပျိုနဲ့ တံငါအိုကို ဖတ်ပြီး
မရပ်မနားလှည့်လည် ရှာဖွေချင်တဲ့ သူ
မဆုံးနိုင်တဲ့ ရှာဖွေချင်းတွေနဲ့
လူတိုင်း လွယ်လွယ် မရနိုင်တဲ့ ငါးမျိုးကို လိုချင်သူ ....

ဇာတ်လမ်းရဲ့ ဇာတ်သိမ်းပိုင်းကို တော့ ကြိုမသိနိုင်ဘူး
သေချာတာက ရွာငါး မြစ်ငါးလောက်နဲ့ မတင်း တိမ် နိုင်တာဘဲ။

(ကူးခတ်နေဆဲ ကူခတ်နေတဲ့ သူငယ်ချင်းသို့)

နွေမင်းသစ်

1 comment:

မချစ်ရ said...

လာဖတ်သွားပါတယ်
သိပ်နားမလည်ဘူး :P

Post a Comment

Related Posts with Thumbnails