ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Monday, September 7, 2009

ကိုယ်ပိုင်ကောင်းကင်




ငယ်ငယ်က မော့မော့ ကြည့်ဖြစ်တဲ့ ကောင်းကင်ဟာ အရုပ် ထင်နေတယ်
အခု မော့ကြည့်မိတော့ (တကယ်တမ်း သတိတမူ မော့ကြည့်မိချိန်ရှားပါးပါတယ်)
ဘာ အရိပ် အရောင်မှ မတွေ့နိုင်တဲ့ အပြင် ဘာမှ ရေးလို့ မရတဲ့ ကောင်းကင်
ကောင်းကင် ခမျာ သေးလာ ... မှုံဝါးလာ ...နောက်ဆုံး ပျောက်ကွယ်နိုင်တဲ့ အထိ
ခဏိက ဝါဒကို ဟိရာကလိတပ် က စပြောတယ်ထင်တယ် နောက်
မြစ်တစ်ခုထဲကို ရေ နှစ်ခါ ချိုးခွင့် မရှိရာကနေ ...နယူထရီနိုတွေရဲ့ ပြေးလမ်း
ဘာမှ လာမရေးကြတော့နဲ့ အရုပ်ထင်နိုင်စွမ်းတွေ မရှိတော့ဘူး ....။

ကြယ်စင်က လာမပျော်တော့ဘူး ...ကောင်းကင်ရဲ့ သံစဉ်တွေ မလင်းမြူး
မြစ်ရေစီးသံတွေ မရှိဘူး ...တောင်စွယ်တွေ မရှိ ..နေကွယ်ခြင်း မရှိ
လေညင်း လေပြေ မသွေးသလို လှုပ် ခတ် သက်ဝင်တာလဲ မရှိ
တစ်နေရာကို ယုံကြည်မှု ပစ်ချထားခဲ့ တော့ ယုံကြည်မှုရှိမရှိ မသေချာ
တရားဓမ္မမရှိ ဘုရားသခင်မရှိ ဆိတ်သုဉ်း ဖြစ်တည်ခြင်း မရှိ
ကောင်းကင်ကိုယ်တိုင် ရှိနေရဲ့နဲ့ ကောင်းကင်လို့ မသတ်မှတ်တော့တဲ့ ကောင်းကင်။


ကောင်းကင်ဟာ ရိုးရိုးသားသား ထွင်းခဲ့တဲ့ စာလုံးတွေ အဆွေးမြေ့ ခံရတယ်
အက်ကွဲပြီး တိမ်ဝင်လုလု မြေခွေးအူသံတစ်သံရဲ့ အဆုံးလို ကောင်းကင်
ဆူဆူညံညံ အော်ဟစ် နုတ်ဆက် ခွဲခွါကြတဲ့ နုတ်ဆက်သံတွေ
ငြိမ်သက် တိတ်ဆိတ် အေးခဲသွားပြီး စ ကောင်းကင် တစ်ခု
အိပ်မော် ကျလု ကနေ ... တကယ် အိပ်မပျော်နိုင်သေး ..တဲ့ ကောင်းကင်
အိပ်မက်လိုလို ဂယောင်စိတ်အထင်တွေနဲ့ ထက်ရှ ပါးလျတဲ့ မှန်ကွဲဆ တစ်ခု
စူးစူးနစ်,တမ်းတမ်းမက်,ပြင်းပြင်းပြပြ ...မခွဲနိုင် မခွါရက် ကွန်ရက်တွေ ပစ်ပစ်တင်လဲ
ညှိတွယ် မှီချိတ်စရာ မရှိ ဟာလာ ဟင်းလင်း အတိ ဖြစ်နေတဲ့ ကောင်းကင်။

လူတစ်ယောက်ရဲ့ ... နှစ်ယောက်ရဲ့ ... ခံစားမှုဆိုတာတွေကို
အချိန်နဲ့ ချွေးသိပ်ဖို့ ပြင်ဆင်ရင်း အရာ မထင်နိုင်တော့တဲ့ ကောင်းကင်
အနှစ်သာရ အဓိပ္ပါယ် ဆိုတာတွေကို စနစ်တကျ မြှုပ်နှံ သ ဂြိ‘ု ဟ်စရာ အုတ်ဂူတစ်လုံး
အတွင်းက လဲလျောင်းရင် မော့ကြည့်တော့ ကောင်းကင်က အုတ်ဂူဟောင်းတစ်လုံးရဲ့
ဆွေးနေတဲ့ အမိုးတစ်ဖြစ်လဲ ကောင်းကင်လဲ ဖြစ်နေတယ် ။
လူတိုင်းအတွက် ကောင်းကင်တစ်ခုဆီ ဖန်ဆင်းကြရအောင်ဆိုရင်
ဒါမှ မဟုတ် ကောင်းကင်ကို ရယူကြစတမ်းဆိုရင် .....
အဲဒီ ကောင်းကင် ဟာ ငါ့ကိုယ်ပိုင် ငါဖန်တီးထားတဲ့ ကောင်းကင် ...
ငါ ကိုယ်တိုင် ဆွတ်ခူးမိတဲ့ ကောင်းကင် ......

No comments:

Post a Comment

Related Posts with Thumbnails