ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Wednesday, September 2, 2009

အဖြစ်တစ်ခုရဲ့အစနဲ့ အတူ

Send this eCard !
အမှောင်ထဲမှာ ကြောက်နေကြချိန် နေမင်းကြီး ထွက်လာတော့ ရဲရင့်လာကြတယ်တဲ့
နေကွယ်ချိန် အမှောင်မှာ ထပ်ပြီး လိုချင်ကြတော့ လစန္ဒာက
ပေါ်လာပြန်ပါသတဲ့ ဟိုး ဟို အရင် တစ်ချိန်က ...

အချိန်ကာလဆိုတာက လှုပ်ရှားမှု တစ်ခု အဖြစ်ခု ရှိရင် ရောက်လာတတ်တဲ့ သဘာဝတစ်ခု
ကျနော်ဆိုတဲ့ လှုပ်ရှားမှုတစ်ခု အဖြစ်တစ်ခုရဲ့အစနဲ့ အတူ သဲနာရီတစ်လုံးလက်ဆောင်ရခဲ့တယ်
သဲအိတ်လေး ဆွဲချိတ်ထား အပေါက်သေးသေးလေးကနေ သဲလေးတွေ
တစ်ပွင့်ချင်း ထွက်ကြအောင် စီစဉ်ထားလိုက်တယ်
သဲပွင့်လေးမှာ မျက်နှာပြင် နှစ်ဖက်ပါတယ်
တစ်ဖက်က အလင်းနဲ့ စတဲ့ တစ်ဖက်က အမှောင်နဲ့ စတဲ့ ဘက်တွေပေါ့
စတင်ချိတ်ဆွဲ ကတည်းက သဲပွင့်လေးပေါင်းများစွာ ကျခဲ့ပြီးပါပြီ
ဆက်လဲ ကျနေပါလိမ့်မယ်

ချစ်သူအတွက် ချစ်သူနဲ့ ဆုံတဲ့နေ့တွေဟာ သဲပွင့်ရဲ့ လှပစွာ ဝဲပျံကျတဲ့ နေ့ပေါ့ ...
့ အမှောင်ထဲမှာ နေ့မှန်းညမှန်းမသိတဲ့ အမှောင်ခန်းမှာ
ဒါမှမဟုတ် ပုံစံတူ အလင်းခန်းမှာ ရောက်နေမယ် ဆိုရင်

အမေ့အတွက် အဖေသေတဲ့နေ့ဟာ အမှတ်တရ ဖြစ်နေလိမ့်မယ်
အဖေသေတဲ့ နေ့ဦးတွေမှာ အမေ သောက အမှောင်ခန်းထဲ ရောက်နေမယ်
ချစ်သူနဲ့ စိတ်တူ ဖြတ်သန်းမှုတွေဟာ အလင်းအမှောင်မသဲကွဲပေမယ့်
သဲပွင့်ကျမှန်း မကျမှန်း မသိလိုက်တဲ့ အခါမျိုးတွေ ဖြစ်နေမယ်
သဲပွင့်လေးတွေ ကျလာအောင်လုပ်ထားတဲ့ သတ်မှတ်ချက်ဟာ
အဓိပ္ပါယ် ရှိနိုင်ပါဦးမလား တွေးနေမိတယ်

ဒီနေ့ဆိုရင် သဲပွင့်တွေ စတင်ဖွင့်ချခြင်းရဲ့ နှစ်ပတ်လည် အထိမ်းအမှတ်နေ့လဲ ဖြစ်တယ်
တကယ်တော့ သတ်မှတ်ချက် တစ်ခုသာ ဖြစ်ပါတယ်
ခင်ဗျား အတွက် သဲနာရီလေး ဖြုတ်သိမ်းလိုက်ရင် ဒါမှ မဟုတ်
လူတစ်ယောက်ရဲ့ ဘဝမှာ နေ့ ည နှစ် လ အချိန် သတ်မှတ်ချက်တွေကို
အစကနေ အဆုံး အထိ သတ်မှတ်မထားတော့ ဘူး ဆိုရင်
ဒိုင်မင်းရှင်းတွေ ဖြုတ်ချလိုက်ရင် ဘယ်လို နေမလဲ စဉ်းစားကြည့်မလား
ကျနော် မွေးနေ့ လက်ဆောင်အဖြစ် အတွေးတစ်ခု လက်ဆောင်ပေးချင်တယ် ...။






1 comment:

မချစ်ရ said...

ပုံလေးကြည့်သွားတယ်မိုက်တယ်နော်
ပုံထဲကနဲ့တူလားးးး :P

Post a Comment

Related Posts with Thumbnails