ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Monday, September 14, 2009

PDFပြောင်းရအောင်


doPDF Software သည် Free Converter version တစ်ခုဖြစ်ပြီး တစ်ကိုယ်ရေသုံးနှင့် လုပ်ငန်းသုံးနှစ်မျိုး စလုံးအတွက် သုံးနိုင်ပါသည်။ ယင်း program ကို အသုံးပြု၍ သင့်ရဲ့ Microsoft Word, Exce, Powerpoint များကို PDF သို့ ပြောင်းလဲပေးနိုင်ရုံသာမက e-mails နှင့် အခြားသင်နှစ်သက်ရာ websites များကိုလည်း PDF သို့ ပြောင်းလဲပေးနိုင်ပေသေးသည်။
Microsoft Word မှ PDF သို့ပြောင်းလဲရန်-

(၁) PDF ပြုလုပ်လိုသော File ကို Open လုပ်ထားပါ။
(၂) ထို့နောက် File > Print ကို နှိပ်ပြီး combo-box မှ doPDF ကို ရွေးချယ်ပါ။
(၃) ထပ်မံပြီး Ok ကို Click နှိပ်ပါ။

To download doPDF

More Details: http://www.dopdf.com/

အပေါ်ကပါတဲ့ အကုန်းလုံးက ကိုကျော်မြင့်ဦး နေရာက ပါတဲ့ အတိုင်း ကူးပေးလိုက်တာပါ။ကျနော် အနေနဲ့ ဘာမှ ထပ် ပြောစရာ မလိုအောင် ပြည့်စုံနေပြီလို့ ယုံကြည်ပါတယ်။သူငယ်ချင်းတစ်ယောက်က မြန်မာပြည် မရောက်ခင် အသေးစိတ်က အစ အားလုံး နားလည်သွားနိုင်ရင် ကောင်းမယ်။အခုလို PDFဖိုင် ပြောင်းပုံလေး က အစပေါ့ လို့ ပြောစကား ရှိတာ ကြောင့် အွန်လိုင်း မှာ အကြောင်းတိုက်ဆိုင် ချိန် တွေ့နေချိန်လေးမှာ သတိတရ စု,ကူးထားတာပါ။ဒေါင်းလော့ ချပြီး Run တာတွေကတော့ သိကြမှာပါ။Microsoft Word-ဖိုင်နဲ့ save ထားတဲ့ ဖိုင်ကို ပြောင်းချင်တယ် ဆိုရင် အဲဒီ ဖိုင်ကို ဖွင့်လိုက်ပါ။File ကနေ ဖွင့် ဆင်းသွားပြီး printပေါ့။ ပုံထဲကအတိုင်း
doPDF ကို ပြောင်း ok>ok ဆိုရင် ပြီးပါပြီ။ဘာမှ လဲ မထူးဘူးနော် D:

မထူးပါဘူးဗျာ အားလုံးသိနေကြတဲ့ ZipFile ဖြေပုံလေး လဲ ဆက်မှတ်လိုက်ပါဦးမယ်။Zip ဖြေနည်းလေးက ကျနော်လို လက်ဆော့တတ်တဲ့ လူတွေအတွက် မဖြစ်မနေ လိုအပ်တဲ့ အရာလေးပါပဲ။အလုပ်မရှိ Template ပြောင်းဆိုတဲ့ သူငယ်ချင်း ဆူးရင့်ကြီး စကားအတိုင်းပေါ့။တန်းပလိတ်ဖိုင်တွေ ဒေါင်းရရင် ဖြေပဲနေရာတာ။ပြီးတော့ ဆော့ဝဲဒ် တစ်ခုခု ဖရီးယူ ဒေါင်းရတိုင်း ZIp လေးက ဖြေရတာပဲ။သဘောက အွန်လိုင်း မှာ ဝန်ဆောင်မှု ကျဉ်းဂစ်တွေ ဗိုက်တွေ လျော့တယ် ပြောတာပဲ။ဓာတ်ပုံ သုံးပုံပို့ဖို့ ZIPပြီး ပို့တာမျိုါ်လဲ ရှိတာပဲ။ကျနော် လို လူတစ်ယောက်အတွက် အကုန် အထူးအဆန်းချည်းပဲ။ဒီတော့ တွေ့သမျှ အကုန် လိုချင် စုချင်တာ မဆန်းပါဘူး။ထားပါတော့။Zip ဖြေဆော့ဝဲဒ်လေးကို အခုနေရာလေးမှာ သွားပြီး ဒေါင်းနိုင်ပါတယ်။
ဒါလေး လိုချင်လို့ ဆက်ရေးလိုက်တာပါပဲ။ဘလော့ စမယ်ဆိုရင်လဲ မြန်မာဖောင့်ရအောင် လုပ်ဖို့ မဖြစ်မနေ သုံးရမယ်လေ။ဒါပေမယ့် တကူးတက လုပ်ဖို့က လိုတော့ မလိုတော့တဲံ အရာတွေ များပါတယ်။မသိတော့ လုပ်စရာ မလိုဘူးလေ။သိတဲံ အချိန်တွေမှာတော့ သူများက သိတဲ့ တတ်တဲ့ လူတွေက လုပ်ပြီးနေပြီ။):


No comments:

Post a Comment

Related Posts with Thumbnails