ငါ့စိတ်ကူးစိတ်သန်းဟာ ငါးတကောင်ပဲ …
မီးခိုးလို ဝေ့၀ဲလွင့်မျှောနေတဲ့စိတ်
အိပ်ရာပေါ်ထိ ပျံ့လွင့်နေတုန်း …
ဦးခေါင်းထဲ အခန်းဖွဲ့နေတဲ့ကမ္ဘာ
အခုတွေ့ရှိတဲ့အမှန်တရား
တဖက်လှည့်တော့မှားနေပြီ
ကမ္ဘာ့ဖြစ်စဉ်ထဲ ပြောင်းလဲမှုဟာမြန်ဆန်
ဘယ်အရာမှ တရားသေဆုပ်ကိုင်ထားလို့မရဘူး
မသေချာခြင်းသည်သာ စစ်မှန်တဲ့အမှန်တရား
လုံးခဲ့တဲ့ကမ္ဘာလည်း ပြားခဲ့ပြီ
ဒိုးယိုပေါက်တည့်တည့်မြင်တွေ့ရတဲ့ ကမ္ဘာ
နယ်နိမိတ်ကို တိုက်စားပစ်ခဲ့ပြီ
နည်းပညာတွေမိုးလင်းသမျှ
“သမိုင်းနိဂုံးမချုပ်နိုင်သေး
ခု ငါ့သက်ရှူသံက
ဘယ်လှိုင်းပေါ်မှာ ကျက်စားနေပါသလဲ
၂၀၀၁ အကူး
ဘင်လာဒင်၊ တာလီဘန်
ဒီအသံတွေ အကျယ်လောင်ဆုံး

အသေခံဗုံးခွဲမှုတွေ ကြားနေရတဲ့ကမ္ဘာ
AIDS ကိုအကြောက်မပြေသေးဘူး
H5N1 ကအစွယ်ထုတ်ခြောက်လှန့်
ဆရာ … မောင်အောင်နီရေ
ခက်တော့ ခက်ချေပြီ၊
ကမ္ဘာထဲ
မဟတ္တမဂန္ဒီ ပြန်လာပါ
မာသာထရီဆာ ပြန်လာပါ
ဒေါက်တာ မာတင်လူသာကင်း ပြန်လာပါ
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြန်လာပါ
ဆရာမြသန်းတင့် ပြန်လာပါ
ပြီးတော့
သံလွင်ခက်နဲ့ ချိုးငှက်ဖြူ
ကမ္ဘာထဲ
အတူတူလွှတ်ရအောင် …။ ။
မွန်းအိမ်
ဒီနေရာက ယူထား
No comments:
Post a Comment