လမ်းခွဲနည်းတွေ စုံတယ်
စာအုပ်တွေထဲမှာ
ကြေကွဲနည်းတွေ စုစောင်းရဦးမလား
မလိုတော့ပါဘူးနော်
စိတ်နာချင်စရာ မှ မဟုတ်ခဲ့ဘဲ။
တစ်ချို့ကတော့
နင်ပဲ င ဆ . . .ကွဲခဲ့ကြ
တစ်ချို့က
မသိလိုက် မသိဘာသာ . . . .
တစ်ချို့ကတော့
ဝမ်းမြောက်ဝမ်းသာ အော်ဟစ်
လက်ပြလို့ လမ်းခွဲကြ
တစ်ချို့ကတော့ ကြေကြေအေးအေး
တစ်ချို့ကတော့
နစ်နစ်နဲနဲ ကြေကွဲခဲ့ကြ
တစ်ချို့က
လူတွေ မသိတဲ့
အတိုင်းအဆမဲ့
ဆုံးရုံးမှုတွေနဲ့ . . . . . . .
အား . . .. . .
မခံစားပါရစေနဲ့
ဘယ်လို အတိတ်စိမ်းမျိုးနဲ့ မှ
ငါ့ကို လမ်းခွဲ စကား
မပြောပါနဲ့လား . . .
ဒါပေမယ့် "လမ်းခွဲ"ဟာ
နင့်လက်ထဲမှာ
သခင်ကို သိပ်ခင်တွယ်တတ်တဲ့ရှဥ့်လေး
ဘေးမဲ့ပေးလိုက်တော့မလား
ဆက်ပြီး မွေးထားဦးမလား . . .
ဘယ်လို အနေထားမျိုးမှာမဆို
လမ်းခွဲဟာ
အသင့်စောင့်နေပြီ . . . . ။
No comments:
Post a Comment