ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Thursday, August 13, 2009

ဘာပဲပြောပြော မိတ္တူစက်ကတော့ ဆက်လက်ခုတ်မောင်းနေဆဲပဲ။

မိတ္တူကူးစက်တွေကြားမှာ ကျွန်တော်မိတ္တူကူးနေတယ်။
စာရွက်တွေ တစ်ရွက်ပြီးတစ်ရွက်
တစ်ရွက်ပြီးတစ်ရွက် အဲဒီစာရွက်တွေ တွေ.နေတဲ့ စာရွက်တွေ
ဟိုလူအကြောင်း ဒီလူ.အကြောင်း မင်းအကြောင်း သူ.အကြောင်း
ဒီလိုနဲ.
ကျွန်တော်အကြောင်းတစ်ရွက်မှ မပါလိုက်ဘူး... ဝေပစ်လိုက်ရမလား ပစ်ဝေလိုက်ရမလား
ကျွန်တော်ကတော့ မှင်တွေစွန်းနေပြီ..။
မှောင်နေတဲ့ မှင်တွေကြားမှာ မင်သက်မိ မင်းသတ်မိတာ ငါ့ကိုပါ
မဟုတ်ဘူး
ငါနှလုံးသားကိုပါ
ကောင်မလေးရေ မင်းလက်နဲ.စွဲဆုပ်ချေမွထားတဲ့ မိတ္တူတစ်စောင်ဟာ ငါပါ...
ပုံဖျက်ထားတဲ့ ငါ့အတ္တတွေကြားမှာ
ငါ့ကိုသက်သက်သာသာ သတ်သေခွင့်နဲ. အသေသတ်သွားတဲ့
ဟေ့ မင်းပြုံးလိုက်တဲ့ အပြုံးတိုင်းဟာ ငါ့နှလုံးသွေးတစ်စက်ဆီပဲ ဆိုတာ မမေ့နဲ.
တစ်စက်စက်နဲ. ဆက်ဆက် ဆက်ကာကျနေတဲ့ အပြုံးတွေ
မမြင်ရင်ကြည့်ပါ အဲဒါ ငါအရှုံးတွေပါ
မမြင်နိုင်ရင်မကြည့်ပါနဲ.တော့ မင်းပင်ပန်းလိမ့်မယ် ပင်ပန်းနေတဲ့ ပန်းလေးကို ငါအလိုမရှိဘူး
မင်းလိုရင် ငါ့ကိုခေါ်သုံးပါ မင်းလိုရင် ငါ့ကိုပစ်မုန်းပါ

မင်းအရင်လိုရင်တော့ ငါ့ကိုချစ်ပေးပါ

ဘာပဲပြောပြော မိတ္တူစက်ကတော့ ဆက်လက်ခုတ်မောင်းနေဆဲပဲ။

အရောင် အနံ့အရသာ မရှိတဲ့ တေလေ ဆိုတဲ့ နေရာလေးက ကော်ပီကူးပါတယ်။တော်တော် ကောင်းတဲ့ အတွေး စာစတိုင်လ်လေးတွေကို တွေ့ရတယ်။ကြိုက်တာလေးတွေကို ထပ်ကူးတင်ပါဦးမယ်။

No comments:

Post a Comment

Related Posts with Thumbnails