နေ့တွေ အမှောင်ကျတဲ့ အခန်းထဲ
ပျံ့လွင့်နေသောတေး ဧကစာရီလှည့်လို့
ရွက်ပုန်းသီးတစ်လုံးရဲ့ ပုန်းကွယ်လျှိုးရာဇ၀င်မှာ
ကွဲကြေတဲ့ အရိပ်
တိုးတိုးလေး အတွင်းဘက်
လှည့်လိုက်တယ်။
ဖတ်နေဆဲ စာသားက ရပ်တန့်
ခန္ဓာကိုယ်က ငြိမ်သက်လို့
ပတ်ဝန်းကျင်တစ်ခုလုံး မေ့လျော့သွားတာ
လမ်းတွေကို မမြင်တော့တာ
နေ့ရက်တွေ ဖျော့တော့သွားတာ
ခံစားချက်ထဲ ခံစားချက်တိုးဝင်
မသိစိတ်ထဲ မသိစိတ် ၀င်ရောက်
ငါဟာ ငါပျောက်ဆုံးလို့
နေ့ခင်းကြောင်တောင် အိပ်မက်တွေ ထယောင်တယ်
နောက်ကျပြီး သီးခွင့်မရမဲ့ ပန်းပွင့်လို စောစောစီးစီး
ကြွေပစ်လိုက်မယ်
သို့….
လူခြေတိတ်ညများ
ငါ အတောင်တွေ ဖြန့်. . .ကား. . . ထုတ်လိုက်တယ်။ ။
(ပျံ့ လွင့်နေသော -နေရာမှ . . .)
No comments:
Post a Comment