ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Thursday, August 27, 2009

မလွမ်းရဲတဲ့ကဗျာ



နမ်းဖူးချင်သည်
သခင်ပွင့်ဖတ်၊၀တ်မှုန်ထပ်သင်း
ပျံ့ ညင်းလေပြည်၊မလွင့်ဝေခင်

* လွမ်းဖူးချင်သည်
သခင်သိအောင်၊ရည်စောင်းရေးဖွဲ့ 
ဆွေးသဲ့သဲ့ရှိုက်၊မမှောင်မိုက်ခင်

* ချစ်ဖူးချင်သည်
တမင်မပြော၊ရင်ထဲမောကြောက်
"တက်"ခေါက်မာန်တင်း၊ခြေမနင်းခင်
ဒါပေမယ့်လည်း......
မနမ်းရဲပါ။

* ၀မ်းနည်းမြိုသိပ်၊တိုးတိတ်တမ်းတ
ကြိတ်မှိတ်လွမ်းလို့  နေရတရ်
ဒါပေမယ့်လည်း......
မလွမ်းရဲပါ။


* လမ်းခွဲမှာစိုး၊ခင်မင်ကြိုးလေး
ဆွေးမြေ့ သွားမှာ စိုးနေတရ်
ဒါ့ကြောင့်မို့ လည်း......
မချစ်ရဲပါ။

* မေတ္တာသံစဉ် သံယောဇဉ်ကြိုး
ပြတ်မှာစိုးလို့ 
စောင်းကြိုးလေးတွေ ဖုန်တက်နေ။

1 comment:

မချစ်ရ said...

လမ်းခွဲမှာစိုး၊ခင်မင်ကြိုးလေး
ဆွေးမြေ့ သွားမှာ စိုးနေတရ်

ကဗျာလေးကချစ်စရာကောင်းလိုက်တာ
မလွမ်းရဲတဲ့ကဗျာလေးလာဖတ်သွားတယ်နော်

Post a Comment

Related Posts with Thumbnails