ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Friday, September 18, 2009

ဂြိုဟ်သားဆိုတဲ့ သတ္တဝါ




မက္ကဆီကို နိုင်ငံ ရုပ်မြင်သံကြား အသံလွင့်ဌာနမှ၂၀၀၇ ခုနှစ်တွင် လယ်သမားတစ်ယောက်က ဂြိုဟ်သားလေး တစ်ယောက်အား အသက်ရှင်လျက် တွေ့ရှိ ဖမ်းဆီးခဲ့မိကြောင်း မယုံကြည်နိုင်ဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်ကို ထုတ်ပြန်ကြောညာခဲ့သည်။လယ်သမားဟာ အဆိုပါ ဂြိုဟ်သားလေးကို ရေမြောင်းထဲမှာ ကြောက်အားလန့်အားနဲ့ နှစ်သက်ခဲ့တယ်လို့လဲ ဆိုပါတယ်။ယခု နှစ်နှစ် အကြာမှာ သိပ္ပံပညာရှင်တွေဟာ ကြောက်လန့်ဖွယ် ရုပ်ဆင်းရှိတဲ့ ရုပ်အလောင်းကို စမ်းသပ်စစ်ဆေးတွေ့ရှိချက်တွေ ထုတ်ပြန်ကျေညာနိုင်ခဲ့ပါတယ် ။

လွန်ခဲ့တဲ့ နှစ်နှစ် နှစ်ကုန်ပိုင်းမှာ Marao Lopezအမည်ရှိ လယ်သမားဟာ ဂြိုဟ်သားရုပ်အလောင်းကို တက္ကသိုလ်သိပ္ပံပညာရှင်များကို ပေးအပ်ခဲ့ပါတယ်။DNA စစ်ဆေးမှု အပါအဝင် အမျိုးမျိုးသော စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။လယ်သမားဟာ သုံကြီမ်တိုင်တိုင် နာရီပေါင်းများစွာ ရေနှစ်သတ်ခဲ့ရကြောင်း ဆိုပါတယ်။


စမ်းသပ် စစ်ဆေးမှုတွေ အရ ဂြိုဟ်သားလေးဟာ ပုတ်သင်ညိုရဲ့ အရိုးဖွဲ့ စည်းမှုမျိုးရှိပြီး သွားတွေက လူသွားတွေလို အမြစ်မရှိပါဘူး။ရေအောက်မှာလဲ အတော် ကြာအောင်နေနိုင်တဲ့ သတ္တဝါတစ်မျိုး လဲ ဖြစ်ပါတယ်။ပညာရှင်တွေ အတွက် တစ်ခါမှ မတွေ့ဘူးတဲ့ သတ္တဝါတစ်မျိုးလို့ ဆိုပါတယ်။အရိုးအဆက်တွေကတော့ လူနဲ့တူပါတယ်။ဦးနှောက် အရွယ်အစားကြီးမားတယ်။အထူးသဖြင့် အနောက်ဘက်ပိုင်းက ပိုမိုကြီးမာနေတဲ့ အတွက် သတ္တဝါဆန်းလေးဟာ အသိဥာဏ် အဆင့်အတန်း အထူး မြင့်မားတယ်လို့ ဆိုပါတယ်။ပိုထူးဆန်းတာက ဖမ်းလာတဲ့ လယ်သမားဟာ ထူးဆန်းစွာ သေဆုံးခဲ့ရတယ်။

အမေရီကန်က ကျွမ်းကျင်သူ Joshua P. Warrn ရဲ့ အဆိုအရ လယ်သမားဟာ လမ်းဘေးတစ်နေရာမှာ ရပ်ထားတဲံ သူ့ကားပေါ်မှာ မီးလောင်ပြီး သေဆုံးခဲ့ရတာပါ။မီးအရှိန်ဟာ သာမာန်မီး အပူရှိန်တွေထက်ပိုပြီး အပူရှိန်ပြင်းထန်တဲ့ မီးလို့ ပြောပြပါတယ်။ဂြိုဟ်သားရဲ့ မိဘတွေက လာပြီး မီးရှို့ လက်စားချေခဲ့တာလို့ အများစုက ယုံကြည်နေခဲ့ကြတယ်။ အဲဒီဒေသဟာ UFOလို့ ခေါ်တဲ့ အခြားကမ္ဘာမှ ယာဉ်
ပျံများ မကြာခဏလာတတ်တဲ့ဒေသ ဖြစ်တယ်တဲ့။မွေးဖွားပြီးကာစ ဂြိုဟ်သားလေးကို တမင် ထားခဲ့ဟန်တူတယ်လို့လဲ ဆိုပါတယ်။
မက္ကဆီကို နိုင်ငံသား UFO ပညာရှင်က ပထမဆုံး ပြောဆို ခဲ့တာဖြစ်ပြီး လုပ်ကြံပြောဆိုတာ မဟုတ်ကြောင်း လယ်သမားတွေ့ရှိချိန်မှာ အခြားဂြိုဟ်သားလေးတစ်ယောက်ကိုပါ တွေ့ရှိပြီး ဖမ်း မမိဘဲ လွတ်မြောက်သွားခဲ့ကြောင်း ပြောဆိုသွားပါတယ်။ဒီသတင်းကြောင့် လူအများ ထိတ်လန့်တကြား ဖြစ်ခဲ့ရပြီး တချို့ကလဲ
မျိုးရိုးဗီဇ ပြောင်းလဲ မှုကြောင့် ဖြစ်ပေါ်တာတဲ့ သတ္တဝါသာ ဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။
ဂြိုဟ်သားဟာ ဘာကြောင့် အဝတ်မဝတ်တာလဲ လို့ လဲ မေးခွန်းထုတ်ကြပါသေးသတဲ့။ဒီသတင်းဆန်းဟာ တရုတ် ကိုးရီးယားစတဲ့ ကမ္ဘာ နေရာတော်တော် များများထိ ပြန်နှံ့ ခဲ့ပြီးပါပြီ။မက္ကဆီကို နိုင်ငံ တစ်ခုတည်း UFOတွေ ခဏတိုင်း ရောက်တတ်တာ မဟုတ်ပါဘူး။ဂျာမဏီနိုင်ငံဆိုရင် ယခုနှစ်အတွင်း UFO တွေ့ရှိမှု အကြိမ်ပေါင်း ၃၆၆ ကြိမ်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။လူသားတွေ ရဲ့ လောဘ ဒေါသ ကြီးနေမှုကို သတိပေးဖို့ ရောက်လာခဲ့တာလား။သူတို့ ကမ္ဘာမှာ လူဦါ်ရေ မဆန့်တော့လို့ နေရာသစ်လာရှာတာလား ..စတဲ့ အတွေးတွေ ဖြစ်လာနိုင်ပါတယ်။

ဒီဆောင်းပါလေးကို ဒီနေရာက ယူထားပါတယ်။လောကကြီးက ဆန်းကျယ်ပါတယ်။လူတွေရဲ့ ဖန်တီးထားမှုလဲ ဖြစ်နိုင်ပါတယ်။ဖတ်ပြီး တွေးမိတာလေးတွေ ရေးခဲ့ကြပေါ့။



2 comments:

မချစ်ရ said...

ဂြိုလ်သားကသေးသေးလေးနော်
လူကိုသတ်နိုင်တယ်ဆိုတာဟုတ်ပါ့မလားး
ဘုရားဟောတဲ့၃၁ဘုံမှာဂြိုလ်သားမပါဘူးလို့
သူငယ်ချင်းတစ်ယောက်ပြောဘူးတာပဲ
ဟီးးးးးးးးးဟုတ်မဟုတ်တော့သိဘူးနော်
:P ခင်မင်တဲ့

မချစ်ရ said...

တိရိစ္ဆာန်ဘုံမှာတော့ဂြိုလ်သားပါသွားမလား
သိဘူးနော်........... :D

Post a Comment

Related Posts with Thumbnails