ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Friday, September 18, 2009

ပိုးဟပ်များနဲ့ ည



တရွရွ
အသည်းယား ညတစ်ည။

တဂျစ်ဂျစ်
ညကို ကုတ်ခြစ်ကြ။

ငါ့ညကို ငုံ့ကြည့်မိတော့
ညရဲ့ ရင်အုံကြီး ဟပ်တက်ကွဲ
အခန်းကလေးထဲက ည
တစ်ပိုင်း တစ်စ ဖြစ်ခဲ့ပေါ့။

တိတ်ဆိတ် စူးရှ
ညရဲ့ အော်သံတို့ တိမ်ဝင်သွားတဲ့ အခါ
ညမုဆိုး ပိုးဟပ်များ
အိပ်တန်းပျံ သွားကြတော့ရဲ့ ။

ငါ့အတွက်
တစ်ပိုင်း တစ်စစီ ဖြစ်ခဲ့တဲ့ ညကို
အပျိုရည်မပျက် ပြန်ရဖို့
နေ့တစ်နေ့ကို ငှါးလိုက်တယ်။

နွေမင်းသစ်

ငယ်ငယ်က ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ။တလွယ်တကူ ရနိုင်တဲ့ နေရာ မသိမ်းမိဘူး။ကိုဆူးရင့် သူ့နေရာတင်ထားတာတွေ့တော့ ပြန်ကူးပြီး တင်လိုက်တယ်။ကိုဆူးရင့်ကို ကျေးဇူးတင်ရမှာပဲ။ရေးစရာ ရေးမထွက်တဲ့ အချိန်လေးတွေမှာပေါ့။

No comments:

Post a Comment

Related Posts with Thumbnails