ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Tuesday, September 22, 2009

ပြောရဦးမယ် ...

အခုလိုပို့စ်မျိုးရေးမယ်လို့ စိတ်ကူး မရှိပါဘူး။အခုတော့ လိုအပ်မယ် ထင်လို့ ရေးလိုက်ပါတယ်။ရေးမယ် စိတ်ကူး မရှိတာက ကိုယ့်နေရာကို ဘယ်သူမှ တကူးတက လာဖတ်မယ် မထင်လို့ ရေးစရာ မလိုဘူး အောက်မေ့ထားတာပေါ့လေ။အခုရေးဖို့ လိုလာ ပြီ ဆိုတာကတော့ ကော်ပီ ခိုးတာတွေက လုပ်ရင်းကိုင်ရင်း အခိုး ကြမ်းလာတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေခဲ့လို့ပါ။ ပထမဆုံးက အတ္ထုပ္ပတ္တိများ ပို့နဲ့ ပတ်သက်လို့ ပြောချင်တယ် ...ဘလောဂ်သမားတွေရဲ့ ရည်ရွယ်ချက် တင်ပြပုံ အမျိုးမျိုး ရှိမယ် ထင်တယ်။ကျနော် ရည်၇ွယ်ချက်က သူများနေရာ သွားဖတ် ကြိုက်ရင် ကိုယ့်နေရာလေး မှတ်တမ်းတင်ထားမယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ။ကိုယ် ဖတ်ဖူး သိထားတာလေးတွေ ကို အမှတ်တရ စုစည်းရုံပေါ့။ဒီရည်ရွယ်ချက်နဲ့ လုပ် တဲ့ နေရာလေးပေါ့။ပထမ ဆန့်ကျင်ဘက်မျဉ်းများဆိုတဲ့ နေရာမှာ လုပ်ကြည့်ပါတယ်။လေ့လာရင်း ပြင်ရင်းနဲ့ လက်လွန်သွားတော့ Readmore ပုံစံမျိုးက ထည့် မရတော့ဘူး။ဒါကြောင့် အခုနေရာလေးကို ပြန်စမ်းပေါ့။ရည်ရွယ်ချက်လဲ တူတယ် စာလဲ မထူးပါဘူး။ကိုတေလေ တို့ မှူးဒါရီ တို့ နေရာက ကဗျာတွေဆို ရင် အရမ်းရူးသွပ်ပါတယ်။ကူးတာ များရင် အာနာလို့ ဒီအတိုင်း နေရတယ်။ညီလင်းဆက်နေရာ ဗဟုသုတမျိုး ကိုရန်အောင်တို့ ကိုပီကေ ကိုပြည့်စုံ ညီနေမင်း ချမ်းမြစိုး တို့လို နေရာက နည်းပညာရပ်ပိုင်းဆိုင်ရာ ဗဟုသုတတွေ ဆို အကုန် လိုချင်တာတွေချည်းပဲ။ဆရာမချောအိမာန်နေရာက ရသမျိုးနောက် အများကြီးပါပဲ။လောဘကြီးပါတယ်။တွေ့သမျှ ကိုယ့်နေရာ စုထည့်ထားချင်နေတယ်။

ဘယ်ကောင်းမလဲနော် ။ပြီးတော့ ကျနော်က ပို့စ်ကဗျာ ယူရင်တော့ ယူကြောင်း နည်းနည်းပါးပါး အကြောင်းကြားဖြစ်သေးတယ်။တခြား E နေရာတွေက ဓာတ်ပုံတို့ ဘာတို့ မ လာတဲ့ အခါ လွယ်ရင်တော့ အညွှန်းပေးလိုက်တာပါပဲ။မလွယ်ရင် ပစ်ထားလိုက်တယ်။ save as လုပ်ထားတာ ကြာပြီး ဘယ်နေရာကမှန်း မသိတာက များတယ်လေ။ထားပါတော့ ရှည်တော့မယ်။အတ္ထုပ္ပတ္တိ များကတော့ နေရာစုံကပါ။ နောက်ဆုံး များမှာကတော့ ဝီကီက ဖြစ်မယ် ထင်ပါတယ်။စိတ်ကြိုက်စာအုပ်တွေနေရာမှာလဲ ဖတ်ဖူးပြီး မှတ်မှတ်ရရ ဖြစ်နေတတ် ..နောက် ပြန်ဖတ်လည်း မရိုး အသုံးလိုတဲ့ အခါမှာလည်း အလွယ်တကူ ကိုးကား ဖို့ ရည်ညွှန်းပါတယ်။အသစ်ဖတ်ဖို့ က ဘယ် အချိန်ပေးနိုင်မလဲ ဗျာ လုပ်စားနေရတာမှ မဟုတ်တာ။အေးဆေးရင်တော့ တွေ့ သမျှ ကြုံသမျှ စာမရွေး ကုန်အောင်ကို ဖတ်ပစ်ချင်ပါတယ်။မြန်မာ ဘာသာတွေ ကို ဦးစားပေး ဖတ်မယ်။ပြီးရင် E တွေ လဲ ကုန်အောင်ကို ဖတ်ပစ်ချင်တယ်။အက္ခရာ မြင်ရင် ဖတ်ချင်စိတ်ပေါက်အောင်လဲ ကိုယ့်စိတ်ကို ထက်သန်နေစေချင်တယ်။ဒါပေမယ့် လွယ်မလားဗျာ။ဒါကြောင့် ကြုံသမျှလေးတွေတော့ အမိအရ ကုပ်ထားချင်မိတယ်။သွားရင်း လာရင်း ကြုံတာ မှတ်တဲ့ အနေနဲ့ ScrollBOX နဲ့ ချဲ့ ချဲ့ တင်သွား ဖို့ပေါ့။သိပ်ရှည်တာ မျိုးကို ScRollbOX လေးနဲ့ သုံး ချင်တာ တားမရဘူး။ကိုရန်အောင်နေရာကို တစ်ခါသုံးတိုင်း တစ်ခေါက် သွားသွားယူရတာ ပျင်းလာလို့ ဘေးမှာ CODE မူရင်းကို အရံသင့် တင်ထားလိုက်တော့တယ်။တစ်ခါတစ်လေ စက်ရှေ့ ထိုင်ပါများ ဝေဝါး ယောင်ပြီး ဖျက်မိတတ်တာတွေလဲ အများကြီး ရောက်နေကျ နေရာ လင့်တွေဆိုရင် ခဏတိုင်း ပြန်ပြန် လုပ်ရတယ်။ဘယ်က ဘယ်လို ဖြုတ်မိလဲ မသိဘူး ၊ဇေယျာလင်းကဗျာလဲ (ကိုလံဘတ်) ပျက်သွားပြန်ပြီ။ဒါမျိုးပေါ့ဗျာ။ကဲ ရှည်ပြီ ပြန်ချုပ်ရုံပ ..။ကူးတယ် မှတ်တမ်းတင်တယ်ဆိုတာ ကျနော် ဖတ် မှတ် စုစည်းမှုသာ ဖြစ်ပါကြောင်း

No comments:

Post a Comment

Related Posts with Thumbnails