ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Sunday, October 18, 2009

စိတ်ကြိုက်သီချင်းလေးတွေ

ဒီပို့စ်လေး ရေးဖြစ်လို့ တဂ်လာတဲ့ မချစ်ရကို ကျေးဇူး တင်ရမယ်။ဆိုးတာ က သီချင်းတိုင်း ကြိုက်နေတာ ဘယ်ဟာ ရွေးရမှန်း မသိဘူး။ဒီသီချင်းလေး တင်မှ ပါ ဟိုဟာလေး ထည့်ဦးမှ ပါ နဲ့အတော် ရွေးရခက်နေတာပဲ။အခုတော့ စိတ်ကြိုက် အကြိုက်ဆုံး ထင်တာ လေးတွေ ကို ရွေးလိုက်တယ်။တစ်ချို့ သီချင်းလေးတွေ ကို ဒေါင်းပြီး တင်လို့ ရပေမယ့် လွယ်အောင် ကြည့်ချင်ရင် မူရင်းဆီပါ သွားလို့ ရအောင် ဒီအတိုင်း ယူပြီး တင်ပေးလိုက်တယ်။အဓိကက ပို့ စ် တင်ဖြစ်ဖို့ ပဲ မဟုတ်လား။ပို့စ်တစ်ပို့ စ် ဘလော့ဂ်ပေါ် ရောက်ဖို့ အတော် ရုန်းကန်နေရတဲ့ အချိန် ဖြစ်နေတယ် ။တဂ်မှ တော့ တွယ်ရတော့မှာပဲ ပေါ့ ...D: ..။
မြင်းခင်းပွဲတော်ဘွဲ့ က သီချင်းထဲ ပါသလား ကဗျာ ရွတ်တာထဲ ပါသလားတောင် မသိဘူး ။(ဂီတနဲ့ နီးစပ်ပုံရတယ်) ။နားထောင်လို့ ကောင်းတာနဲ့ ခဏတိုင်း သွားနားထောင် ဖြစ်တယ်။ကြုံတာနဲ့ ထည့်ပေးလိုက်တာ။သီချင်းတွေကို အကုန် ကြိုက်တယ် ပေါ့ပ်ရော ဟော့ပ်ရော ရှေးသီချင်းရော ဓမ္မ သီချင်းရော တွံတေးသိန်းတန်ရော စိုင်းစိုင်းရော တွင်ကယ်လ်ရော မာမာအေးရော အားလုံးပေါ့။


ပထမဆုံး သီချင်းလေးက မွန်းအောင်ရဲ့ လွမ်းရတဲ့ ညတွေ လွန်ပါစေ (ရှေးသီချင်းကြီး)

နောက်တစ်ပုဒ်က ညီမလေး လှမ်းပို့ဖူးတဲ့ သီချင်းလေး ။ဒါလေးက စောစောက ဘလောဂ်ဘေးမှာ တင်ထားတာ နောက် ပြန်ပျက်သြွးလေရဲ့ ..အခုတော့ ပုံစံ တစ်မျိုးနြ့ တင်လိုက်ပါတယ် ...ဓိရာမိုရ် ဆိုလား(Diramo) တဲ့ ..
သီချင်းနာမည်က အိမ် ပဲ သိတာ ဟုတ်မဟုတ် မသေချာဘူး ...

နောက်တစ်ပုဒ်လဲ သူ့သီချင်းပဲ သီချင်းဟောင်း ကို ပြန်ဆိုတာလိုလို သူငယ်ချင်းတစ်ယောက်က ပြောနေတာပဲ ..ကြိုက်တာကတော့ အဖွဲ့လိုက် ကြိုက်နေကြတယ် ..ကျောင်းက ပြန်လာရင် စာကျက်ရတာ နဲနဲ အချိန်ကြာသွားရင် လုပ်ပါဦးဟ ဓိရာမိုရ်လေး နဲ့ ဖွင့်ဖွင့်နေကြတဲ့ သီချင်းပေါ့။သူများနဲ့မတူတဲ့ အကျင့် တစ်ခုက စာကြည့်ရင် သီချင်းဖွင့် ကြည့်တတ်တယ်..အသဲအသန် စာလုပ်ချိန်တွေမှာ သီချင်း ခပ်ကျယ်ကျယ် ဖွင့် ချတာပဲ ..ဘေးလူတွေက တော့ လူ့ကန့်လန့်လို ထင်မှာ တိတ်တဆိတ်နဲပ စာကြည့်ကြတဲ့ ကြားထဲ သီချင်းဖွင့် ကြည့်တယ် ဆိုတော့ ..ဟိဟိ
ကဲ ငါတို့အိမ် လေး နားထောင်ကြည့်ချင်ရင် ဖွင့်ဗျာ ။နောက်တစ်ပုဒ်ရှိသေးးတယ် တင်တော့ဘူး များနေပြီ။
ကျန်တဲ့သီချင်းတွေ ပြောတော့ဘူး များနေလိမ့်မယ်။


အဲဒီနောက် က သံစဉ်လှလှလေးနဲ့ ချစ်စရာ သီချင်းလေး ။ဘယ်သူရေးတာတွေ ဘယ်သူဆိုတာတွေ မေးနဲ့ သိဘူး ကိုယ့်ဘာသာ ကြည့်တော့


အခု နောက်ဆုံးကတော့ လင့်ပဲ ညွှန်းလိုက်တော့မယ် ။မြင်းခင်းပွဲတော်ဘွဲ့ တဲ့ ကြိုက်လို့ ညွှန်တာပါ။
အချိန်ရရင် သွားရောက် နားဆင်နိုင်ပါတယ်။



1 comment:

မချစ်ရ said...

ကောင်းတယ် မွန်းအောင် သီချင်းကြိုက်တယ်သိတယ်
အိမ် သီချင်းလည်းသိတယ် အရမ်းကောင်းတယ်နော်
ရွေးတတ်လိုက်တာငြိမ့်ငြိမ့်လေးနဲ့အကောင်းလေးတွေ
ကျေးဇူးပါ ကိုကျောက်တာ ရေ ခုလိုဘလော့မှာခင်မင်ပြီးမတွေ့ဘူးသေးပဲ
တပ် သမျှကိုမအားလပ်တဲ့ကြားကရေးပေးနေတဲ့အတွက်...

ခင်မင်လျှက်
မချစ်ရ

Post a Comment

Related Posts with Thumbnails