ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Saturday, October 17, 2009

မချစ်ရ အတွက်

ဘလော့လေးနဲ့ ကင်းနေတာ သုံးလေးရက် ရှိသွားပါပြီ။အသစ်ရေးဖို့ နေနေသာသာ ကိုယ့်နေရာလေးကို မရောက်ဖြစ်ဘူး။သူငယ်ချင်းချင်း မိတ်ဆွေ မောင်နှမတွေ နေရာ လည်ဖို့နေနေသာသာ
ကိုယ့်နေရာကို တောင် မဝင်ဖြစ်ဘူး။ကံဆိုးချင်တော့ မချစ်ရ က လာတဂ်ထားတာလဲ အမှတ်တမဲ့ ဖြစ်နေတယ်။ကိုယ့်ကို တဂ်လို့ တဂ်မှန်းတောင် သတိ မထားမိပေါ့။ဒီရက်တွေက စာမေးပွဲလဲ အရမ်းနီး နှစ်ကုန်ကာနီး ဆရာတွေက စာသင်စရာ အသစ်မရှိတော့လို့ ထင်တယ် ကျူတိုရီရယ်ဆိုလား လေ့ကျင့်ခန်းတွေပဲ စွတ်အလုပ်ခိုင်းနေတယ်။ကျောင်းက ပြန်လာရင် လူလဲ နှုန်းခွေနေသလိုပဲ။စာမေးပွဲများဖြေရင် ဘယ်လို ဖြစ်မယ် မသိဘူး။အခု မချစ်ရ လာပြောတာ တွေ့မှ အပြေးအလွှား E မွှေနှောက် ပြီး ကြိုးစားကြည့်ရတယ်။ ပြီးတော့မယ်လဲ လုပ်ရော ကိုဆူးရင့် နဲ့ တွေ့ပါလေရော ..။အခက်အခဲ ပြောပြတော့ အခု အဖြေလေးတွေ ၅၀ %ကျော်ကျော်လောက်ကို သူက ဒါပဲ ရေးတင်လိုက်ပါ...အသစ်မတင်တာ ကြာပြီ တဲ့ ..ဂလို အားပေးလာတော့ တွယ်လိုက်တော့တယ်။အပျော် သဘောနဲ့ရေးတင်လိုက်တာပါနော် မချစ်ရရေ ... အချိန်ပေးနိုင်ရင် သေချာလေး တင်ချင်ပါတယ် ....ပေါ့ပေါ့ ရေးလိုက်တာ မဟုတ်ပါဘူး ..။ E လိုက ရှာလို့ ကို မလွယ်လို့ပါဗျာ။ ဒီလောက်နဲ့ပဲ ကျေနပ်ပေးပါ .. ..

1.What is your name ..ကျောက်တာ
2.က as four Letter Word ...ကရော်ကမယ်
3.Boy's Name ...ကျော်စွာငြိမ်း
4.Girl's Name...ကိကိ
5.Occupation ...ကြုံရာကျပန်း
6. Flower ... ကြာညို
7. Something you'll wear .... ကုတ်အင်္ကျီ
8.Food ....ကန်ဇွန်းရွတ်
9.Something found in the bathroom ... ကြွေခွက်
10.Country ...ကင်ညာ
11.Color ....ကြက်သွေးရောင်
12.Exclamation ....ကျွတ် ! !
13. Movie title .... ကျန်စစ်မင်း
14.Something you drink ....ကချင်မီးတောက်
15. A musical group .... ကာတွန်း
16.An animal .... ကြံ့
17.A street name ....ကျောက်တာလမ်း
18.A type of car .... ကွန်တင်နာ
19.The title of a song ....ကူညီပါရစေ
20.The reason for being late....ကျန်ရစ်တတ်လို့

2 comments:

မချစ်ရ said...

ခေါင်းစဉ်လေးကိုသဘောကျသွားတယ်
ကောင်းတယ်ရီရတယ် အဲလိုရေးထားတာလေး
ဒါနဲ့မသိလို့မေးပါရစေဦး ကင်ညာ မြို့ဆိုတာဘယ်မှာရှိတာလည်းလို့
နောက်တစ်ခုတပ်ထားတယ်အားမှရေးပါ
စာမေးပွဲရှိတယ်ဆိုရင်လေ နော်
ကျေးဇူးပါပဲ မအားတဲ့ကြားကရေးလိုက်တာ

ကျောက်တာ said...

ကင်ညာ ..အာဖရိက ထဲက နိုင်ငံတစ်ခု ထင်ပါတယ် အဟဲ....
ဘောလုံးပွဲတွေ ကြည့်လို့ သိတာပါဗျာ ..);
မြို့ ဟုတ်ဘူးနော် ...

Post a Comment

Related Posts with Thumbnails