ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Monday, November 16, 2009

အခွင့်အရေး


မယုံနိုင်စရာ အဖြစ်တွေနဲ့
ကမ္ဘာသစ်ထဲကို မောင်းချခံလိုက်ရတယ် ...
ပြန်လာချင်ခဲ့တယ်
ငှက်ကလေးတွေလို ပျံနိုင်ရင်လဲ ကောင်းလိမ့်မယ် ...
နုတ်မဆက်ကြေး အထပ်ထပ် သာ ပြောနေပေမယ့်
ထွက်သက်ဝင်သက်ကို အခမ်းနားဆုံး
အသုံး မချနိုင်သရွေ့
တွေ့ ဆုံခြင်း ခွဲခွါခြင်းဟာ
ထူးခြား ဆန်းပြားနေလိမ့်ဦးမယ် ....
ညီမလေးရေ ...
စွမ်းနိုင်သမျှ ခံစားပစ်လိုက်စမ်းပါ
ဘဝရဲ့ အနှစ်သာရဆိုလဲ ဟုတ်တယ်
တွေ့ကြုံ သိမ်းပိုက်ခွင့်ဆိုတာ အခွင့် ခိုက်လို့သာ
နဲနဲလေးမှ နောက် မတွန့်မိစေနဲ့နော်
တစ်ခုခု သိလိုက်ရတာ အမြတ်ဆိုရင် မင်း ရောင့်ရဲနိုင်ပါ့မလား
ဘာပဲ ဖြစ်ဖြစ် ကြုံခဲ့ပြီပဲကွယ် ...

မနက်ဖြန်တွေက လူတိုင်းအတွက် မသေချာခွင့် ရှိတယ်လေ
ဒါလူတိုင်းအတွက် ရရှိခဲ့တဲ့ အထူးအခွင့်အရေးပေါ့ကွယ်။

နောက်မတွန့်လိုက်ပါနဲ့ ဆက်လိုက်ပါ
ရှေ့ဆက်လျောက်ဖို့ အတွက် လူတိုင်းမှာ တာဝန်ရှိတယ်
ရွေးချယ်ခွင့်လူတိုင်းမှာ ရှိပြီး
ကိုယ်ရွေးတဲ့အတိုင်း ဆက်သွားရမှာလဲ လူတိုင်းရဲ့ တာဝန်လေ
သွားကြရအောင် နောက် မတွန့်ကြေးလေ ... ။ ။

No comments:

Post a Comment

Related Posts with Thumbnails