ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Thursday, November 19, 2009

လူတစ်ပိုင်း၊ ..... တစ်ပိုင်း

၁။ စားခွက်
၂။ ဖက်ခွက်စား
၃။ ဥဒဟိုသွားလာနေသောလမ်း ဥဒဟိုသွားလာခွင့်မရ
၎။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် .... ဘယ်တော့များမှ ကောင်းခြင်းတွေ ရောက်လာမှာလဲ၊ ပြောစမ်း ....၊
၅။ မနေရဲဘူး၊ သေဆိုသေရဲတယ်။
၆။ မျှော်လိုက်ရတာရင်မော၊ မျှော်လိုက်ရတာ အသက်ပင်ယဲ့ယဲ့
၇။ လာခဲ့ပါတော့၊ ခဏဖြစ်ဖြစ် ပျော်ချင်လို့ပါ။
၈။ အေးဆေးနေချင်လို့ပါ၊ အေးဆေးပျော်ချင်လို့ပါ၊ အေးဆေးသေချင်လို့ပါ ( ခဏတာဖြစ်ဖြစ် )
၉။ ရက်၊ လ၊ နှစ် အလီလီပြောင်းတယ်၊ မပြောင်းလဲသေးနိုင်တာက ငါ။


ရှေ့ဆုံးကနေ ငါတန်းစီတယ်၊ နောက်ကို ပြန်ဆွဲခေါ်သွားကြတယ်။
နောက်ဆုံးကိုငါရောက်၊ ရှေ့ပြန်ရောက်အောင်ကြိုးစားတယ်။
နောက်ဆုံးကနေ နောက်ဆုံးဆိုတဲ့နေရာကို ငါပြန်ရောက်တယ်။
ဒီထက်ပို၍ လူတောထဲအတင်းဖြဲကားပြီး ၀င်တိုးတယ်။
ရှေ့ဆုံးကို မြင်သာမြင်လိုက်တယ်။
နောက်ဆုံးကိုပဲ ပြန်ရောက်တယ်။
နောက်ဆုံးတောင် ရိုးရိုးမဟုတ်ဘူး။
ငါ့နောက်မှာ နောက်ဆုံးတွေ၊ လှမ်းမြင်လိုက်တယ်၊ နောက်ဆုံးနောက်မှာ ငါ။

“ ရှေ့တက်မလာနဲ့၊ ကန်ချမယ် ”
“ ကိုယ့်နေရာကိုယ်သိ၊ ကိုယ့်စားခွက်ကိုယ်ကိုင် ”
“ တိုးမလာနဲ့၊ မင်းအတွက် နေရာမရှိဘူးကွာ၊ ရှိလဲမပေးနိုင်ဘူး ... ဒိုးတော့ ”

ချွေးစက်အလိမ်းလိမ်းနဲ့ လန့်နိုး
အော် ..... လောကဓံ
ငါ့စားခွက်တောင် ငါကိုင်ခွင့်မရပါလား။

ဏီအဲY

No comments:

Post a Comment

Related Posts with Thumbnails