ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Sunday, August 9, 2009

မြစ်


လမ်းတွေက သိတဲ့ အတိုင်းပဲ
ဘယ်လို မှ ထိမ်းမနိုင်သေးတဲ့ အလေအလွင့်တွေ
တိမ်တွေလိုသာ အရုပ်ထင်ကြ စတမ်းဆိုရင်
အမှောင်ထုတွေ သိပ်သည်းနေဦးမယ်
ဘာပဲ ဖြစ်ဖြစ် ဖြစ်ကို ဖြစ်နေတာမျိုး
ပြောရရင် ဘယ်တော့ မှ မလင်းနိုင်တော့ လောက်အောင်
ပိတ်ဖုံး သိမ်းပိုက်နေတော့တယ်
ဖြစ်ကို ဖြစ်နေတတ်တာ ပြောပါတယ်
ဟုတ်လဲ ဟုတ်နေတတ်တယ်။

လမ်းတွေက ပုံဖော်ရင်း စီးသွားတတ်တဲ့ အရာတွေ
ဒါတောင် မြစ်ဟုတ်မနေဘူး
ကွေ့တာ,ကောက်တာ,စောက်နက်တာ,မနက်တာ
ခါသီးတာ,ရက်စက်တာ,ကြမ်းတမ်းတာ
တစောင်း ခုတ်စင်းသွားတာ
ရက်ရက်စက်စက် ခြစ်ပြီး ဆွဲထုတ်သွားတာ
စပ်ရှ နာကျင် ဒဏ်ရာ အပြည့်နဲ့
ကြည့်လိုက်ရင်
အမာရွတ်ပေါ် အမာရွတ်ထပ် အထပ်လိုက်နဲ့ ရှင်သန်ရုန်းကန်နေတာ
မမြင်ရတာ

မြင်ရတာက ဝင်ပြီး ထဲထဲ ဝင်ဝင်မှ သိနိုင်တာပေမယ့်
ဘယ်လောက်ထိ ပြင်းထန်တဲ့ စီးချောင်းကြီးလဲဆိုတာ
အရှိန်အဟုတ်မှန်းဆပြီး သိနိုင်လိမ့်မယ် . . .
ဒါတောင် မြစ်မဟုတ်သေးဘူး။

ဒါ မြစ်တစ်ခု ဟုတ်မနေခဲ့ဘူး
ငြိမ့်ငြိမ့်နဲ့ ပြေပြေလေး
သက်သောင့်သက်သာ
စီးမျောခွင့်ရခဲ့တာ ဘယ်လောက်
အချိန်ပိုင်းယူလို့ ရနိုင် ခဲ့ အားလား . . .

တောင်ကျ အဝကျဉ်း လေးလို
သည်းသည်းထန်ထန် အမောင်းခံ
ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့ရတာပဲ မဟုတ်လား
လမ်းတွေသာ ဖုံကြစတမ်းဆိုရင်
တိမ်တွေလိုသာ ထင်ကြစတမ်းဆိုရင် . . . .

nweminthit

2 comments:

ကျောက်တာ said...

မြစ်မဟုတ်ပါဘူး

ဆူးရင့် said...

ကျွန်တော်
မြစ်နဲ့ အတူး စီးဆင်းခဲ့တယ်။
တကယ်ကို
ရင်ဘတ်ထဲ
ရောက်သွားတဲ့ ကဗျာလေးပါ။
ကြိုက်တယ်။
မြစ်ကတော့
ဧရာဝတီ မြစ်ပဲ ဖြစ်မှာပါနော။

Post a Comment

Related Posts with Thumbnails