ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိကြပါစေ

Saturday, September 12, 2009

အချစ်ပုံပြင်




ဟိုး ဟို ရှေးရှေးတုန်းက
ဘုရားသခင်ဟာ လောကကြီးကို မဖန်ဆင်းခင်
လူတွေ အတွက် ဘာမှ မတပ်ဆင်သေးခင်
လူသားရဲ့ အရည်အသွေးတွေကို
အခန်းတစ်ခုထည်းမှာ
စုပေါင်း ထည့်ထားမိခဲ့သတဲ့။

အဲဒီ လူသားရဲ့ အရည်အသွေးတွေဟာ
ပျင်းလို့တဲ့ တူတူပုန်းတမ်း ကစားဖို့
ဆုံးဖြတ်ခဲ့ကြတယ်။
ရူးသွပ်ခြင်း ကလဲ အရည်းအသွေးတစ်ခုပဲလေ
သူကပဲ တစ် နှစ် သုံး ရေတွက်မယ် သူအမှတ်စဉ်အော်မယ်ဆိုပြီး
ဂမူးရူးထိုး အော်နေတော့တာပဲ။
ဘယ်သူကမှ မရှာချင်တော့ ရူးသွပ်မှုက စရှာဖို့
အရည်အသွေးတွေ အားလုံး သဘောတူခဲ့ကြတယ်။

ရူးသွပ်မှုဟာ သစ်ပင်ကြီးဘက် မှီပြီး
တစ်နှစ်သုံး ဆိုပြီး စရေတွက်နေတော့တာနဲ့
အရည်အသွေးအားလုံး ပြေးပုန်းခဲ့ကြတော့တယ်။
သစ္စာဖောက်ခြင်းက အမှိုက်ပုံကြီးအောက် အမှိုက်ကြားထဲ ပုန်းခဲ့တယ်။
လိမ်လည်ခြင်းက ကျောက်တုံးကြီးအောက် ဝင်ပုန်းမယ်လို့ အော် ပြောခဲ့ပေမယ့်
တကယ်တော့ ရေကန်ရဲ့ အနက်ဆုံး ရေအောက် ကြမ်းပြင်မှာ ပုန်းနေခဲ့တာ။


ရူးသွပ်ခြင်းက ရ၉,၈၀,၈၁ လို့ အဆက်မပြတ် အော် ရေနေချိန်တွေမှာ
ချစ်ခြင်းကလွဲလို့ အရည်အသွေးတွေ အားလုံး ပုန်းပြီနေပြီလေ။
ဘယ်လောက် ပိန်းလိုက်တဲ့ ချစ်ခြင်းလေးလဲ
ပုန်းဖို့ နေရာကို ဆုံးဖြတ် မရဘူး ဖြစ်နေတယ်။
ဒါအံ့သြစရာတော့ မဟုတ်ပါဘူးလေ
ချစ်ခြင်းလေး ပုန်းနေဖို့ ဘယ်လောက်ခက်ခဲမယ် ဆိုတာ
ကိုယ်တို့ အားလုံးလဲ သိနေသားမဟုတ်လား။

ရူးသွပ်ခြင်းက အော်နေတုန်း ၉၅,၉၆,၉၇ ....
ရူးသွပ်ခြင်း အော်လို့ ၁၀၀ ..ရောက်တဲ့ အချိန်မှ
ချစ်ခြင်းလေးက သူပုန်းစရာအဖြစ် နှင်းဆီ ခြုံလေးထဲ ဝင်လိုက်တယ်။
ရူးသွပ်ခြင်းက ငါလာပြီ ..ငါလာပြီဟေ့လို့ အော်ရင်း
လှည့်ပတ်ရှာနေပြီ . ..
လှည့် လှည့်ချင်း ပျင်းရိခြင်းကို တွေ့တာပဲ
ဘာလို့လဲ ဆိုတော့ ပုန်းရမှာကို ပျင်းလို့တဲ့ လေ။

နောက် မိုက်မိုက်မဲမဲပဲ ရေကန်အောက်ခြေမှာ ပုန်းနေတဲ့
လိမ်လည်ခြင်းကို ရှာတွေ့တယ်
ချစ်ခြင်းပဲ မတွေ့သေးတာ ကျန်တဲ့ ဟာတွေ အကုန်တွေ့ တယ်
ရူးသွပ်ခြင်း စိတ်တိုလာပြီ ...အချစ်ကို မတွေ့လို့
အချစ်ကို မနာလိုတဲ့ မနာလိုခြင်းလေးက
တိုးတိုးလေး ကပ်ပြောတယ် ရူးသွပ်ခြင်းကို
မင်း ချစ်ခြင်းတစ်ခုပဲ ရှာမတွေ့တာ မဟုတ်လား
အချစ်လေးက နှင်းဆီ ခြုံထဲမှာ ပုန်းနေတာတဲ့။

ရူးသွပ်ခြင်းက နှင်းဆီခြုံထဲ ခုန်ဆင်းပစ်တယ်
နာကျင်ဆူညံ တဲ့ အော်သံကို ကြားလိုက်ရတော့တယ်
နှင်းဆီဆူးက ချစ်ခြင်းရဲ့မျက်လုံးတွေကို ဖောက်သွားတော့တယ်လေ
ဆူညံရှုပ်ထွေးသံတွေကြောင့် ဘုရားသခင်က အခန်းထဲ ဝင်လာတယ်
အခြေနေ အားလုံးကို သိသွားတော့တယ်။

ဘုရားသခင်က ရူးသွပ်ခြင်း အပေါ် အတော်
စိတ်ဆိုး မကြည့် မလင်ဖြစ်ပြီး ပြောခဲ့တယ်
မင်းကြောင့် ချစ်ခြင်းလေးတော့ မျက်စိကွယ်သွားပြီ
မင်း ကြောင့်ဆိုတော့ မင်း အမြဲတမ်း ချစ်ခြင်းလေးနဲ့ အတူဖြစ်ရမယ် အတူနေရမယ်တဲ့။

အဲဒီ အချိန်ကစပြီး ဒီနေ့ ဒီ အချိန်တိုင်အောင်
ချစ်ခြင်းလေးဟာ မျက်စိကွယ်ခဲ့ပြီး
ရူးသွပ်ခြင်းကို အပေါင်းအသင်းအဖြစ်
အမြဲ သူနဲ့ အတူ တွေ့နေရတော့တာပဲတဲ့။ ။

နွေမင်းသစ်


ပုံပြင်လေးရဲ့ မူးရင်းက ဒီနေရာကပါ။ဘာသာပြန် မချောတာ ထားလိုက်ပါ။မှားနေမယ် ဆိုရင်တော့ ပြင်ကြ ညွှန်ပြကြဖို့ ဖိတ်ခေါ်ပါတယ်။

2 comments:

မိုး said...

ဒါဆိုချစ်ခြင်းက မျက်စိကွယ်နေတုန်းပဲပေါ့...
ပြီးတော့....ရူးသွပ်ခြင်းနဲ. တူတူနေနေ ရတာပေါ့နော်...

ကျောက်တာ said...

ပုံပြင်လေးက ဒါပါပဲကွယ် ...ပေါ့။ရူးရဲ ပဲနဲ့ D:

Post a Comment

Related Posts with Thumbnails